တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် မန္တလေးမြို့၊ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၏ အရှေ့ဘက်မုခ်ဦးနှင့်တံတိုင်း ၂၁၈ ခန်း ရေစက်ချအလှူ မင်္ဂလာ အခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်န၀ါရီ - ၁၅ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အလှူရှင်များစုပေါင်းလှူဒါန်းသည့် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၏ အရှေ့ဘက် မုခ်ဦးနှင့် တံတိုင်း ၂၁၈ ခန်း ရေစက်ချအလှူမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ရှိ သာသနာ့ဟိတကာ ရီဓမ္မဗိမာန်၌ကျင်းပပြုလုပ်သည်။ အဆိုပါအလှူမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော် သြ၀ါဒါစရိယ၊ မန္တလေးမြို့ မဟာဝိဇိတာရုံပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇအဘိဓဇ မဟာရ ဋ္ဌဂုရု ဘဒ္ဒန္တ၀ိစာရိန္ဒာဘိဝံသအမှူးပြု သောဆရာတော်၊ သံဃာတော်များကြွ ရောက်ချီးမြှင့် တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။ ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်း...