Skip to main content
တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္အလွဴရွင္မ်ားမွ စုေပါင္းလွဴဒါန္းသည့္ မႏၲေလးၿမိဳ႕၊ မဟာ၀ိဇိတာ႐ုံပရိယတၱိစာသင္တုိက္၏ အေရွ႕ဘက္မုခ္ဦးႏွင့္တံတုိင္း ၂၁၈ ခန္း ေရစက္ခ်အလွဴ မဂၤလာ အခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ဇန္န၀ါရီ - ၁၅

တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္ အလွဴရွင္မ်ားစုေပါင္းလွဴဒါန္းသည့္ မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ မဟာ၀ိဇိတာ႐ုံပရိယတၱိစာသင္တုိက္၏ အေရွ႕ဘက္ မုခ္ဦးႏွင့္ တံတုိင္း ၂၁၈ ခန္း ေရစက္ခ်အလွဴမဂၤလာအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ အဆုိပါေက်ာင္းတုိက္ရွိ သာသနာ့ဟိတကာ ရီဓမၼဗိမာန္၌က်င္းပျပဳလုပ္သည္။

အဆုိပါအလွဴမဂၤလာအခမ္းအနားသုိ႔ ႏုိင္ငံေတာ္ ၾသ၀ါဒါစရိယ၊ မႏၲေလးၿမိဳ႕ မဟာ၀ိဇိတာ႐ုံပရိယတၱိ စာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာပ႑ိတ အဂၢမဟာသဒၶမၼ ေဇာတိကဓဇအဘိဓဇ မဟာရ ႒ဂု႐ု ဘဒၵႏၲ၀ိစာရိႏၵာဘိ၀ံသအမွဴးျပဳ ေသာဆရာေတာ္၊ သံဃာေတာ္မ်ားၾကြ ေရာက္ခ်ီးျမႇင့္ ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ အရာရွိ၊ စစ္သည္မ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ မဟာ၀ိဇိတာ႐ုံ ပရိယတၱိစာသင္တုိက္ ပဓာနနာယကဆရာေတာ္ႀကီးထံမွ ငါးပါးသီလခံယူေဆာက္ တည္ၾကသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မဟာ၀ိဇိတာ႐ုံပရိယတၱိစာသင္တုိက္ ပဓာနနာယက ဆရာေတာ္ႀကီးအား လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းၿပီး ဆရာေတာ္ႀကီး၏ေမြးေန႔ပူဇာအတြက္ န၀ကမၼ အလွဴေငြမ်ားအား ေပးအပ္လွဴဒါန္းသည္။

ထုိ႔ေနာက္ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးက တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားမွ လွဴဒါန္းသည့္အလွဴေငြမ်ားအား ေပးအပ္လွဴဒါန္းသည္။ ၎ေနာက္ အခမ္းအနားတက္ ေရာက္လာၾကသည့္ တပ္မေတာ္အရာရွိႀကီးမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္ လွဴဒါန္းၾက သည္။

ယင္းေနာက္ မႏၲေလးၿမိဳ႕မဟာ၀ိဇိတာ႐ုံပရိယတၱိစာသင္တုိက္စာခ်နာယက  ဓမၼရတနာဆရာေတာ္ ဘဒၵႏၲစရဏ သာသနဓဇဓမၼာစရိယထံမွ အႏုေမာဒနာတရား နာယူ၍ လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ား သည္ ဆရာေတာ္၊ သံဃာေတာ္မ်ား အားေန႔ဆြမ္းေလာင္းလွဴခဲ့ၾကသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ မႏၲေလး နန္းၿမိဳ႕႐ုိးေတာင္ ဘက္ျခမ္း ေက်ာ္မိုးတံခါး(မဂၤလာတံတား)အနီးတြင္ အမ်ားျပည္သူမ်ား ကုိယ္လက္လႈပ္ရွား အားကစားအပန္းေျဖ ဥယ်ာဥ္ေနရာတည္ေဆာက္ေနမႈႏွင့္ နန္းၿမိဳ႕႐ိုးအား ထိန္းသိမ္းေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ၾကည့္႐ႈ စစ္ေဆးရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မႏၲေလးနန္းၿမိဳ႕၊ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္၊ အရပ္ ၄ မ်က္ႏွာ ၀င္ေပါက္မ်ားအနီး ၿမိဳ႕႐ိုးႏွင့္ က်ဳံးေရျပင္အၾကား သတ္မွတ္ေျမေနရာ မ်ား၌ အမ်ားျပည္သူတုိ႕အႏၲရာယ္ကင္းရွင္းစြာ ကိုယ္လက္လႈပ္ရွားအားကစားမ်ား လုပ္ေဆာင္ႏိုင္ေရးႏွင့္ နန္းၿမိဳ႕႐ိုးေရွးေဟာင္းလက္ရာမ်ားအား ေရွးေဟာင္းသုေတသနႏွင့္  အမ်ဳိးသားျပတုိက္ဦးစီးဌာန၏ အတည္ ျပဳခ်က္ျဖင့္ ေရွးမူမပ်က္ထိန္းသိမ္းေဆာင္ရြက္ေရး၊ ျပဳျပင္ထိန္းသိမ္းထားေသာ နန္းၿမိဳ႕႐ိုးမ်ားကိုလည္း ထိခုိက္ပ်က္စီးမႈမရွိေစေရး ကာကြယ္ေစာင့္ေရွာက္ရန္မွာၾကားခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် မန္တလေးမြို့၊ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၏ အရှေ့ဘက်မုခ်ဦးနှင့်တံတိုင်း ၂၁၈ ခန်း ရေစက်ချအလှူ မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ - ၁၅

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အလှူရှင်များစုပေါင်းလှူဒါန်းသည့် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၏ အရှေ့ဘက် မုခ်ဦးနှင့် တံတိုင်း ၂၁၈ ခန်း ရေစက်ချအလှူမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ရှိ သာသနာ့ဟိတကာ ရီဓမ္မဗိမာန်၌ကျင်းပပြုလုပ်သည်။

အဆိုပါအလှူမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော် သြဝါဒါစရိယ၊ မန္တလေးမြို့ မဟာဝိဇိတာရုံပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇအဘိဓဇ မဟာရ ဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသအမှူးပြု သောဆရာတော်၊ သံဃာတော်များကြွ ရောက်ချီးမြှင့် တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီး၏မွေးနေ့ပူဇာအတွက် နဝကမ္မ အလှူငွေများအား ပေးအပ်လှူဒါန်းသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများမှ လှူဒါန်းသည့်အလှူငွေများအား ပေးအပ်လှူဒါန်းသည်။ ၎င်းနောက် အခမ်းအနားတက် ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းကြ သည်။

ယင်းနောက် မန္တလေးမြို့မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်စာချနာယက  ဓမ္မရတနာဆရာတော် ဘဒ္ဒန္တစရဏ သာသနဓဇဓမ္မာစရိယထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် ဆရာတော်၊ သံဃာတော်များ အားနေ့ဆွမ်းလောင်းလှူခဲ့ကြသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မန္တလေး နန်းမြို့ရိုးတောင် ဘက်ခြမ်း ကျော်မိုးတံခါး(မင်္ဂလာတံတား)အနီးတွင် အများပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားအပန်းဖြေ ဥယျာဉ်နေရာတည်ဆောက်နေမှုနှင့် နန်းမြို့ရိုးအား ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မန္တလေးနန်းမြို့၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရပ် ၄ မျက်နှာ ဝင်ပေါက်များအနီး မြို့ရိုးနှင့် ကျုံးရေပြင်အကြား သတ်မှတ်မြေနေရာ များ၌ အများပြည်သူတို့အန္တရာယ်ကင်းရှင်းစွာ ကိုယ်လက်လှုပ်ရှားအားကစားများ လုပ်ဆောင်နိုင်ရေးနှင့် နန်းမြို့ရိုးရှေးဟောင်းလက်ရာများအား ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာန၏ အတည် ပြုချက်ဖြင့် ရှေးမူမပျက်ထိန်းသိမ်းဆောင်ရွက်ရေး၊ ပြုပြင်ထိန်းသိမ်းထားသော နန်းမြို့ရိုးများကိုလည်း ထိခိုက်ပျက်စီးမှုမရှိစေရေး ကာကွယ်စောင့်ရှောက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Comments

Popular posts from this blog

မဂၤလာပါ ၾကည္​လင္​း​ေသဒဏ္​မွလြတ္​ပါ​ေစ
သင္းကြဲငွက္မ်ားနားခိုရာ @@@@@@@@@@@@ ေရး - မင္းဂၽြန္စိုး ဆို - ဗညားဟန္ ငါ့ဘဝကိုေျပာျပမယ္ ရယ္သံေတြခဏရပ္ေပးပါဦး ငါ့ဘဝဟာ ေခတၱနားခိုရာ  သင္းကြဲငွက္မ်ားနဲ႔အတူ ေပ်ာ္ရႊင္စြာခ်မ္းေျမ့ဖူးတာပဲ ႏွလံုးသားမွာ ခဏေတာ့နားခိုကာ အေတာင္စံုျပီ အခ်စ္ငွက္ကေလးေတြ ေဝဟင္မွာ ဝဲလိုက္ဦးေပါ့ သင္လိုရာသြားေတာ့ သြားေတာ့ေလ ငါ့ဘဝမုန္တိုင္းထဲမွာ သင္လိုတာတစ္ခုမွမရွိပါဘူး/ အေပ်ာ္ဆိုတာတစ္ေန႔မွမရွိပါဘူး ႏွလံုးသားမွာခဏေတာ့နားခိုပါ မင္းရဲ့အေဖာ္မ်ားေတြ႔ရင္ သူေခၚရာလိုက္လို႔သြားပါေတာ့ ခြင့္လႊတ္ပါမေျပာနဲ႔ နားလည္တယ္ ယာယီအိမ္အတိတ္က နန္းေတာ္ လည္ျပန္ကာလွည့္လို႔ မၾကည့္နဲ႔ ဒီရင္ကို စြန္႔လို႔ထားခဲ့ေလ အျငိဳးရွိရင္ေက်ပါေတာ့ေလ  လူ႔ဘဝကို ပိုင္ဆိုင္တဲ့ကံ ေဆြးျမည့္တဲ့ သံစဥ္မ်ားနဲ႔ ငါ့ဘဝဟာ ေခတၱနားခိုရာ သင္းကြဲငွက္မ်ားရဲ့နားခိုရာ ဘဝဇာတ္ခံုၾကားထဲမွာ  ၾကံဳသလိုသာ ကလိုက္ေတာ့အခ်စ္ဆံုးရယ္ မျဖစ္ျဖစ္သလိုခြင့္လႊတ္ေပးပါမယ္ တို႔ႏွစ္ေယာက္ျပန္ေတြ႔တဲ့အခါ  မျမင္သလိုသာ လွည့္ထြက္သြားပါေတာ့ မင္းဘဝကိုအျမဲတမ္းနားလည္တယ္  ဒီရင္ကစြန္႔လႊတ္ျခင္းေတြ ဒီရင္ကစြန္႔လႊတ္ျခင္းမ်ား ယူ...