
လပေါ်သို့ အောင်မြင်စွာ ဆင်းသက်ခဲ့သည့် တည်နေရာများအား ထောက်ကြည့်နိုင်သည်။

၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၁ ရက် ၂ နာရီ ၅၆ မိနစ် အချိန်က နေးလ် အမ်းစထရောင်းသည် လပေါ်သို့ ပထမဦးဆုံး ခြေမချမီ ဗွီဒီယိုမှ ထုတ်နှုတ်ထားသော ပုံရိပ်ဖြစ်သည်။ တကမ္ဘာလုံးရှိ လူပေါင်း သန်း၅၀၀ ခန့် ထို အစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည်ဟု ခန့်မှန်းရသည်။[၁][၂]
လပေါ်သို့ဆင်းသက်ခြင်းဆိုသည်မှာ လမျက်နှာပြင်ပေါ်သို့ အာကာသယာဉ် ဆင်းသက်ခြင်းကို ဆိုလိုသည်။ လူလိုက်ပါသောခရီးစဉ် နှင့် လူမဲ့ (စက်ရုပ်) ခရီးစဉ်များပါအကျုံးဝင်သည်။ လမျက်နှာပြင်ပေါ်ရောက်ရှိသော ပထမဆုံး လူလုပ်အရာဝတ္ထုမှာ ၁၉၅၉၊ စက်တာဘာ၁၃ တွင်လွှတ်တင်ခဲ့သော ဆိုဗီယက် နိုင်ငံထုတ် လူနာ ၂ အာကာသယာဉ်ဖြစ်သည်။ [၃] ၁၉၆၉၊ ဇူလိုင် ၂၀တွင် အမေရိကန်ပြည်ထောင်စုက လွှတ်တင်ခဲ့သောအပိုလို ၁၁ ခရီးစဉ်သည် ပထမဆုံးသော လူလိုက်ပါသည့် လကမ္ဘာခရီးစဉ်ဖြစ်သည်။ [၄] ၁၉၆၉ မှ ၁၉၇၂ ကြားကာလတွင် လူလိုက်ပါသော အမေရိကန်ယာဉ် ၆ စင်း နှင့်မရေမတွက်နိုင်သော လူမဲ့အာကာသယာဉ်များ လပေါ်ဆင်းသက်ခဲ့ကြသည်။ သို့ရာတွင် ၁၉၇၆ မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၄ အထိ ငြင်သာစွာ ဆင်းသက်နိုင်ခြင်း မရှိခဲ့ပေ။
လူမဲ့ဆင်းသက်ခြင်းများ
လူန ၂ သည် ပထမဆုံး လပေါ်သို့ ရောက်ရှိသော လူသားတို့ ပြုလုပ်သည့် အရာဝတ္ထု ဖြစ်သည်။
နိုင်ငံအများအပြားသည် အာကာသယာဉ်အများအပြားကိုလပေါ်သို့စေလွှတ်ခဲ့ကြသည်။ ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၅၉ တွင် လူနာ ၂ အာကာသယာဉ်ကို လမျက်နှာပြင်ပေါ်သို့ အရှိန်ဖြင့်ဝင်ဆောင့်စေပြီး ပထမဆုံးလဆင်းယာဉ် ဖြစ်လာစေခဲ့သည်။ ၁၉၆၂တွင် အမေရိကန်ပြည်ထောင်စုကလည်း ရိန်းဂျား ၄ အာကာသယာဉ်ဖြင့် ဆိုဗီယက်တို့နည်းတူ ဝင်ဆောင့်ခဲ့သည်။ ထိုစစ်အေးတိုက်ပွဲကာလတွင် လပေါ်သို့ ပထမဆုံးရောက်ရှိနိုင်ရေး ဤအထူးစွမ်းဆောင်ချက် ပြိုင်ဆိုင်မှုများသည် အာကာသပြိုင်ပွဲ၏ အမြင်သာဆုံးသော ပုံစံတစ်ခုဖြစ်သည်။[ကိုးကားချက်လိုသည်]
မကြာခင်က အခြားနိုင်ငံများကလည်း လမျက်နှာပြင်ပေါ်သို့ အာကာသယာဉ်များဖြင့် တစ်နာရီလျှင် ၅၀၀၀ မိုင်နှုန်းဖြင့် ကြိုတင်သတ်မှတ်နေရာများတွင် ဝင်ဆောင့်ခဲ့ကြသည်။ ယင်းသည် လပတ်ယာဉ်များ သက်တမ်းကုန်ဆုံးခြင်းဖြစ်သည်။ အကြောင်းမှာ ယာဉ်၏ စွမ်းရည်ကျဆင်းလာချိန်တွင် လဆွဲအားမညီမျှသောနေရာများ၌ လပတ်ယာဉ်များသည် ပတ်လမ်းတွင်မတည်မြဲနိုင်တော့ပေ။ ဂျပန်တို့၏ လပတ်ယာဉ် ဟီတင် သည် ၁၉၉၃၊ ဧပြီ ၁၀ တွင် လသို့ဝင်ဆောင့်စေခဲ့သည်။ ၂၀၀၆၊ စက်တင်ဘာ ၃ တွင် ဥရောပအာကာသအေဂျင်စီ၏ လပတ်ယာဉ် စမတ်-၁ အားထိန်းချုပ်ပြီးလသို့ ဝင်ဆောင့်စေခဲ့သည်။
အိန္ဒိယအာကာသအေဂျင်စီ (ISRO)သည် ၂၀၀၈၊ အောက်တိုဘာ ၁၄ တွင် လဆောင့်ယာဉ်(Moon Impact Probe, MIP)ဖြင့် ထိန်းချုပ်ကာ လပေါ်ဝင်ဆောင့်ခြင်းကို ပြုလုပ်ခဲ့သည်။ MIP ၏ထူးခြားချက်မှာ အိန္ဒိယလပတ်ယာဉ် ချန်ဒရာယန်-၁ မှ ယာဉ်တစ်စင်းထွက်လာပြီး လမျက်နှာပြင်ပေါ်ဆင်းသက်သွားချိန်တွင် အဝေးထိန်းအာရုံခံစမ်းသပ်မှုများ ပြုလုပ်သွားခြင်းဖြစ်သည်။ ချန်ဒရာယန်-၁ မှ ရေဒီယိုဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပြီး ၂၀၁၁ နှောင်းပိုင်းသို့မဟုတ် ၂၀၁၂ နှစ်စောပိုင်းတွင်လမျက်နှာပြင်ကို ဝင်ဆောင့်ခဲ့သည်။ တရုတ်လပတ်ယာဉ် ချန်အဲ-၁ သည် ၂၀၀၉၊ မတ် ၁ တွင် ထိန်းချုပ်ခြင်းဖြင့် လမျက်နှာပြင်အားဝင်ဆောင့်ခဲ့သည်။
အပိုလို လလေ့လာရေးမော်ဂျူး ၁၉၆၃ ခုနှစ်ပုံစံ
အာကာသယာဉ် ၁၈ စင်းသာ လပေါ်ဆင်းသက်စဉ် ဆင်းသက်ဘရိတ်ဒုံးပျံများကိုအသုံးပြုခဲ့ကြပြီး လမျက်နှာပြင်ပေါ်တွင် သိပ္ပံဆိုင်ရာများလုပ်ဆောင်ခဲ့သည်။ လူလိုက်ပါသည့်ယာဉ် ၆ စင်း၊ လူမဲ့အာကာသယာဉ်တစ်ဒါဇင်ခန့် တို့အား ၁၉၆၆ နှင့် ၁၉၇၆ ကြားတွင် အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့က လွှတ်တင်ခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စုသည် ပထမဆုံးငြင်သာစွာ ဆင်းသက်ခြင်းကိုလုပ်ဆောင်နိုင်ခဲ့ပြီး လူနာ ၉ နှင့် လူနာ ၁၃ ယာဉ်များတွင်တပ်ဆင်ထားသည့် ruggedized ကင်မရာများဖြင့် လမျက်နှာပြင်ပေါ်မှနေ၍ဓာတ်ပုံများပေးပို့နိုင်ခဲ့ကြသည်။ အမေရိကန်တို့သည် လူမဲ့အာကသယာဉ်ဖြင့် ငြင်သာစွာဆင်းသက်ခြင်း ၅ ကြိမ်၊ လူလိုက်ပါသည့် အပိုလိုခရီးစဉ်များ ၆ ကြိမ်တို့ကို အားကျမခံ လိုက်ပါလုပ်ဆောင်နိုင်ခဲ့ကြသည်။ အမေရိကန်တို့၏ လူလိုက်ပါသည့် အပိုလိုယာဉ်များ ဆင်းသက်ပြီးနောက်တွင် ဆိုဗီယက်ပြည်ထောင်စုသည်နောက်ပိုင်းတွင် လူနာ ၁၆၊ လူနာ ၂၀၊ လူနာ ၂၄ လူမဲ့ယာဉ်များဖြင့် လပေါ်ဆင်းသက်ကာ မြေသားနမူနာများရယူပြီး ပြန်လာနိုင်ခဲ့ကြသည်။ လူနာ ၁၇၊ လူနာ ၂၁ ယာဉ်များသည် လူမဲ့မော်တော်ယာဉ်ခရီးစဉ်များဖြစ်ကြသည်။ ယင်းစာရင်းတွင် မပါဝင်သည်များမှာ လူနာ ၂၃ ခရီးစဉ်သည် အောင်မြင်စွာဆင်းသက်နိုင်သော်လည်း ယင်း၏သိပ္ပံပစ္စည်းများ အလုပ်မလုပ်ခဲ့ပေ။ အမေရိကန် ဆာဗေယာ ၄ ယာဉ်သည်လည်း အလိုအလျောက် ငြင်သာစွာဆင်းသက်ခြင်းမပြုမီကလေးတွင် ရေဒီယိုဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်။
လူလိုက်ပါသော ဆင်းသက်ခြင်းများ
လပေါ်သို့ စုစုပေါင်းလူ ၁၂ ဦး ဆင်းသက်ခဲ့သည်။
သိပ္ပံဆိုင်ရာ နောက်ခံအကြောင်းအရာများ
ရိန်းဂျားအာကာသယာဉ် လကို ဝင်မဆောင့်မှီပန်းချီဆရာက ပုံဖော်ထားပုံ
လသို့သွားရောက်နိုင်ရန်အတွက် အာကာသယာဉ်သည် ကမ္ဘာ့ဆွဲအားတွင်းကို ကျော်လွှားနိုင်ရမည်ဖြစ်သည်။ ယင်းကိုလက်တွေ့လုပ်ဆောင်နိုင်သော လက်ရှိနည်းလမ်းမှာဒုံးပျံဖြစ်သည်။ မိုးပျံပူဖောင်းသို့မဟုတ် ဂျက်လေယာဉ်စသည့် အခြားလေဝဲယာဉ်များနှင့် မတူသည့်အချက်မှာ ဒုံးပျံသည် ကမ္ဘာ့လေထုအပြင်ဖက် မြင့်မားသောလေဟာနယ်အမြင့်ထိတိုင် ယင်း၏အလျင်မြှင့်တင်ခြင်းကိုဆက်လက်လုပ်ဆောင်နိုင်သည်။ ဆိုဗီယက်တို့သည် ၁၉၅၉တွင် လပေါ်သို့ ဝင်ဆောင့်ခြင်းကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြသည်။ [၅]ကမ္ဘာသို့ပြန်လာရန်အတွက် အာကာသယာဉ်သည် လ၏ဆွဲအားတွင်းမှလွတ်မြောက်ရန် လွတ်မြောက်အလျင်ရယူရသည်။ လမှထွက်ခွာပြီး အာကာသသို့ပြန်လာရန်အတွက် ဒုံးပျံကိုအသုံးပြုရသည်။ ကမ္ဘာသို့ရောက်ရှိချိန်တွင် ဘေးကင်းစွာဆင်းသက်နိုင်ရေးအတွက် ပြန်ဝင်လာသည့် ယာဉ်၏အရွေ့စွမ်းအင်ကို စုပ်ယူရန်နှင့်ယာဉ်အရှိန်လျှော့ချရန် လေထုထဲဝင်ရောက်သည့်နည်းလမ်းများ အသုံပြုရသည်။
နိုင်ငံရေးဆိုင်ရာနောက်ခံအကြောင်းအရာများ
၁၉၅၇တွင် ဆိုဗီယက်ပြည်ထောင်စုမှ ပထမဆုံးဂြိုဟ်တုစပွတ်နစ် ၁ အားပစ်လွှတ်ခဲ့ပြီး အာကာသပြိုင်ပွဲကိုစတင်ခဲ့သည်။
အစောပိုင်းဆိုဗီယက်လူမဲ့ လကမ္ဘာခရီးစဉ်များ(၁၉၅၆-၁၉၆၆)
လူနာ ၃၊ လ၏အခြားတစ်ဖက်ခြမ်းဓာတ်ပုံကို ထုတ်လွှင့်နိုင်ခဲ့သည်။
လမြေသားနမူနာယူဆောင်လာသည့် လဆင်းယာဉ်လူနာ ၁၆ ပုံစံ
အပိုလို ၁၂ အာကာသယာဉ်မှူး ပီတီ ကွန်းရက်(Pete Conrad)အား ဆာဗေယာ ၃ ဆင်းသက်ယာဉ်အနီးတွင် ရပ်နေသည်ကိုတွေ့ရပုံ၊ နောက်ခံတွင် အပိုလို ၁၂ ဆင်းသက်ယာဉ် အင်တာပရက် (Intrepid) အား တွေ့မြင်ရသည်။
၁၉၉၁ တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်တွင် ဆိုဗီယက်တို့၏လပေါ်ရောက်ရှိရေးကြိုးပမ်းချက်သမိုင်းအမှန်များကို အများပြည်သူသို့ ဖွင့်ချပြခဲ့သည်။ အမေရိကန်တို့နှင့်မတူသည့်အချက်မှာ အမေရိကန်တို့ကဲ့သို့ ပစ်လွှတ်စဉ် လိုက်အမည်ပေးသွားခြင်းမျိုးမဟုတ်ဘဲ ကမ္ဘာပတ်လမ်းသို့ အောင်မြင်စွာရောက်ရှိသွားမှသာ လူနာခရီးစဉ် ဟု အမည်တပ်သည်။ ဆိုဗီယက်လသွားစီမံကိန်းဆုံးရှုံးမှုပုံရိပ်များကို အများပြည်သူမသိစေလိုသော ပေါ်လစီကြောင့်ဖြစ်သည်။ ပစ်လွှတ်မှုတစ်ခုသည် လသို့မထွက်ခွာမီ ကမ္ဘာပတ်လမ်းတွင်ချွတ်ယွင်းသွားပါက မူရင်းရည်မှန်းချက်ကိုဖုံးကွယ်နိုင်ရန်အတွက် စပွတ်နစ် ကမ္ဘာပတ်စီမံကိန်းသို့မဟုတ် ကော့စ်မော့စ် ကမ္ဘာပတ်စီမံကိန်းဟု အမည်တပ်လေ့ရှိသည်။ ပစ်လွှတ်စဉ်ပေါက်ကွဲသည်များကိုလည်း ထုတ်ပြန်ခဲ့ခြင်းလုံးဝမရှိပေ။
အစောပိုင်းအမေရိကန်လူမဲ့ လကမ္ဘာခရီးစဉ်များ (၁၉၅၈-၁၉၆၅)
ပိုင်အိုနီးယားခရီးစဉ်များ
ပုံစံ သုံးမျိုးကွဲသော ပိုင်အိုနီးယား လသွားယာဉ်များကို ပုံစံသုံးမျိုးကွဲသော တိုက်ချင်းပစ်ဒုံးပျံများဖြင့် ပစ်လွှတ်ခဲ့သည်။
ရိန်းဂျား ခရီးစဉ်များ
လပေါ်ဆင်းသက်ရန် ပထမဆုံးကြိုးပမ်းမှုကို ၁၉၆၂ အတွင်းတွင် အမေရိကန်ပြည်ထောင်စုမှလွှတ်တင်ခဲ့သော ရိန်းဂျား ၃၊ ၄၊ ၅ ယာဉ်များက လုပ်ဆောင်ခဲ့ကြသည်။ ရိန်းဂျားလဆင်းယာဉ်များတွင် ကင်မရာတပ်ဆင်ထားခြင်းမရှိသဖြင့် ခရီးစဉ်တွင်ဓာတ်ပုံများလမျက်နှာပြင်ဓာတ်ပုံများ မရရှိခဲ့ပေ။
ဆိုဗီယက် လူမဲ့ငြင်သာစွာ ဆင်းသက်ခြင်းများ(၁၉၆၆-၁၉၇၆)
ဆိုဗီယက်ပြည်ထောင်စုမှပစ်လွှတ်သော လူနာ ၉ အာကာသယာဉ်သည် ဖေဖော်ဝါရီ ၃ တွင် ပထမဆုံးငြင်သာစွာဆင်းသက်နိုင်ခဲ့သည်။ ၉၉ ကီလိုဂရမ်ရှိသော တွန်းထုတ်နိုင်သည့် လေအိတ်သည် တစ်စက္ကန့်လျင် ၁၅ မီတာအမြန်နှုန်းဖြင့် ဝင်တိုက်မည့်ဒဏ်အား ကာကွယ်ပေးသည်။[၆] လူန ၁၃ သည်လည်း ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ယင်းစိုးရိမ်ဖွယ်ကိစ္စအား ကြောက်လန့်ခဲ့သည်။ ခရီးစဉ်နှစ်ခုလုံးသည် လကမ္ဘာမြေမျက်နှာပြင်၏ မှင်သက်ဖွယ်ပုံများအား သယ်ဆောင်လာခဲ့သည်။[၇]
လူန ၁၆သည် လပေါ်ဆင်းသက်ပြီး လမြေသားနမူနာများကို ကမ္ဘာသို့အောင်မြင်စွာပြန်လည်ယူဆောင်လာနိုင်သော ပထမဆုံးစက်ရုပ်အာကာသယာဉ်ဖြစ်သည်။ [၈] အပိုလို ၁၁ နှင့် အပိုလို ၁၃ တို့က နောက်ကလိုက်သည်။ ခရီးစဉ်အား လူနာ ၂၀ (၁၉၇၂) လူနာ ၂၄ (၁၉၇၆) တို့ဖြင့် အောင်မြင်စွာ ထပ်ကာလုပ်ဆောင်ခဲ့သည်။ ၁၉၇၀ နှင့် ၁၉၇၃ ခုနှစ်များတွင် လူနိုခေါ့ဒ်("လပေါ်လမ်းလျှောက်သူ") စက်ရုပ်အာကာသယာဉ်နှစ်စင်းကိုလပေါ်သို့စေလွှတ်ခဲ့သည်။ အဆိုပါယာဉ်များသည် ၁၀ လတာနှင့် ၄ လတာ အသီးသီး အလုပ်လုပ်ခဲ့ကြပြီး လူနိုခေါ့ဒ် ၁ သည် ၁၀.၅ ကီလိုမီတာ၊ လူနိုခေါ့ဒ် ၂ သည် ၃၇ ကီလိုမီတာ အသီးသီးရောက်ရှိခဲ့ကြသည်။ ရိုဗာ မက်ရှင်များအား လူနာနှင့်ဇွန်း လအနားဖြတ်ပျံသည့် စီမံကိန်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
အမေရိကန်လူမဲ့ ငြင်သာစွာဆင်းသက်ခြင်းများ (၁၉၆၆-၁၉၆၈)
အမေရိကန် ဆာဗေယာစက်ရုပ်ယာဉ်စီမံကိန်းသည် လကမ္ဘာပေါ်သို့ လူသားများ ဆင်းသက်ရာတွင် လိုအပ်သောပြင်ဆင်မှုများအား အထောက်အကူဖြစ်စေခဲ့သည်။ ဆေဗီယာ ခရီးစဉ် ၅ ခုသည် လူမပါသော အောင်မြင်သည့် ခရီးစဉ်များဖြစ်ခဲ့သည်။ ဆေဗီယာ ၃ သည် အပိုလို ၁၂ လကမ္ဘာပေါ် ခြေချပြီးနောက် ၂ နှစ်အကြာတွင် အလည်အပတ်သွားခဲ့သည်။
ကျမ်းကိုး
- ↑ Manned Space Chronology: Apollo_11။ spaceline.org။ 6 February 2008 တွင် ပြန်စစ်ပြီး။
- ↑ Apollo Anniversary: Moon Landing "Inspired World"။ National Geographic။ 6 February 2008 တွင် ပြန်စစ်ပြီး။
- ↑ Luna 2။ NASA–NSSDC။
- ↑ NASA Apollo 11 40th anniversary.
- ↑ NASA – NSSDC – Spacecraft – Lun 2 Details။ 17 February 2011 တွင် ပြန်စစ်ပြီး။
- ↑ Astronautix Luna E-6။ February 2011 တွင် ပြန်စစ်ပြီး။
- ↑ Moon Exploration။ National Geographic။ 17 September 2009 တွင် ပြန်စစ်ပြီး။
- ↑ Burrows, William E. (1999). This New Ocean: The Story of the First Space Age. Modern Library, 432. ISBN 0-375-75485-7.
စိုးသူ
၁၅/၁/၂၀၁၈
၁၅/၁/၂၀၁၈
Comments
Post a Comment