Skip to main content
မြန်​မာ့တပ်​မ​တော်​​လေ၏ 
@@@@@@@@@@@@@
        မြန်​မာ့တပ်​မ​တော်​​လေအ​နေဖြင့်​ အမ်​အိုင်​-၃၅ ပီ ရဟတ်​ယာဉ်​များအား TV/FLIR လို့​ခေါ်တဲ့ အီလက်​ထ​ရောနစ်​ မှန်​ဘီလူးကို အဆင့်​မြှင့်​တင်​လိုက်​ပြီလို့သိရပါတယ်
        ယခုလို Mi-35Pကို အဆင့်​မြှင့်​​ပေးမှုက​တော့ ရုရှားတို ၂၀၁၆ထည်းကလုပ်​​ပေး​နေတာဖြစ်​ပါတယ်
       ဒီသတင်းအချက်​အလက်​ပုံ​လေးက​တော့ ပြည်​သူလူထုသုံး အွန်​လိုင်းက​နေ စတင်​​တွေ့ရှိခဲ့တာဖြစ်​ပါတယ်
     သူမှာ  အနီ​အောက်​​ရေင်​ချည်​သုံး TV/FLIRကင်​မရာကို ရဟတ်​ယာဉ်​ရဲ့​ရှေ့ပိုင်းဦးရဲ့ ​အောက်​​ခြေမှာတပ်​ဆင်​​ပေးထားပါတယ်
     မြန်​မာ​လေတပ်​ရဲ့ Mi-35 ရဟတ်​ယာဉ်​​လေးစီးမှာ ၁စီးကို​တော့ ရုရှားမှာရှိတဲ့ စိန့်​ပီတာစဘတ်​ မြို့ကိုသယ်​​ဆောင်​ ကာစက်​မှုပိုင်းဆိုင်​ရာ​တွေကိုအကြီးစားပြင်​ဆင်​​ပေးပြီး ကျန်​၃စီးက​တော့ မြန်​မာပြည်​၌ပင်​အဆင့်​မြှင်​​ပေးလိုက်​တာဖြစ်​ပါတယ်​...
       မြန်​မာ့တပ်​မ​တော်​အ​နေနဲအဆိုပါ Mi-35p​တွေကို လွန်​ခဲ့တဲ့ ၂၀၀၉ခု ဒီဇင်​ဘာလ ​လောက်​ထည်းက အ​မေရိကန်​​ဒေါ်လာ ၇၁သန်းဖိုး ဝယ်​ဖို့မှာယူထားခဲ့တာဖြစ်​ပါတယ်​...
     ဒါ​ကြောင့်​လဲမြန်​မာ့တပ်​မ​တော်​ဟာ mi-35p ရဟတ်​ယာဉ်​ ၉စီးမှ၁၀စီးထိကို ၂၀၁၀ -၂၀၁၁​လောက်​ခထည်းကလက်​ခံရရှိခဲ့မယ်​လို့ယူဆရပါတယ်
   ( UNDC )မှ​ဖော်​ပြချက်​​တွေအရ​တော့ ၂၀၁၀ခုနှစ်​၌ mi35p တိုက်​ခိုက်​​ရေးရဟတ်​ယာဉ်​( ၄ )စီး၊ ၂၀၁၁၌ ၄စီ စုစု​ပေါင်း ၈စီး​ရောင်းချခဲ့တယ်​လို့ဆိုပါတယ်
      မြန်​မာ့တပ်​မ​တော်​​လေအ​နေဖြင့်​ ၎င်း mi35p​တွေကို အ​စောပိုင်းမှာ ကုန်းမြင့်​​ဒေသ​တွေဖြစ်​တဲ့ ကချင်​ပြည်​က KIAစခန်း​တွေ ၊ နှင့်​မြန်​မာပြည်​​မြောက်​ပိုင်း တရုတ်​မြန်​မာနယ်​စပ်​တ​လျှောက်​မှာ အဓိကထားစစ်​ဆင်​​ရေးပြုလုပ်​ခဲ့ကြပါတယ်
     ၂၀၁၃​နှောင်းပိုင်းအ​ရောက်​မှာ​တော့ အခြား​သော ရှမ်းပြည်​နယ်​ရှိ တိုက်​ပွဲများတွင်​ပါ အသုံးပြုလာခဲ့ပါတယ်​...
    ၎င်းရဲ့​ကြောက်​စရာ​ကောင်းတဲ့ပစ်​အားက​တော့ ၃၀မမ အတွဲလိုက်​ပစ်​ စက်​​သေနပ်​ ဖြစ်​ကာ ၎င်းကို ရဟတ်​ယာဉ်​ရဲ့ ညာဖက်​မှာတပ်​ဆင်​ထားပါတယ်​..
   ဒါအပြင်​ S-5အမျိုးအစား ၅၇မမ ​ရောကဒ်​ နှင့်​ S-8အမျိုးအစား ၈၀မမ​ရောကဒ်​​တွေကို လဲတပ်​ဆင်​နှိုင်​ပါ​သေးတယ်​...
      ၎င်း DSP-HD ကင်​မရာဟာ အ​လေးချိန်​ ၂၅ကီလိုဂရမ်​ ​လေးကာ ​နေ့ ၊ည ၂မျိုးမြင်​ရကာ ​လေဆာ ပစ်​မှတ်​ချိန်​စနစ်​ပါဝင်​ပါတယ်
     ၎င်း mi-35pသည်​ ဆိုဗီယက်တပ်မတော်တွင် အသုံးပြုရန်အတွက် ရည်ရွှယ်ကာထုတ်လုပ်ထားသော Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြစ်​ကာ 
    ၎င်းအ​နေဖြင့်​ တင့်ဖျက်ယာဉ်များဖြစ်​ကာ ဘက်စုံတိုက်ခိုက်ရေးအတွက်သာမက စစ်သည်များကိုလည်း သယ်ဆောင်နိုင်သောကြောင့် အခြားသော တိုက်ခိုက်ရေးရဟတ်ယာဉ်များထက် ပိုမို၍ မြန်​မာ့တပ်​မ​တော်​အတွက်​အသုံးဝင်​လှပါတယ်​...
      အဆိုပါ ဆိုဗီယက်ထုတ် Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ်များအား ပြည်ပသို့လည်း ရောင်းချရာတွင်​ Mi-35 ဟူသော အမည်ဖြင့် ရောင်းချခြင်းဖြစ်ပါတယ်​...
    အဆိုပါ Mi-35 ​တွေရဲ့အ​ကြောင်းကို အနည်းငယ်​ဖော်​ပြရမည်​ဆိုပါက ၎င်းကို ​နေတိုးအဖွဲ့က​တော့ Hind /အ​နှောက်​အယှက်​ /ခလုတ်​ကသင်း လို့ အမည်​​ပေးထားပါတယ်
   ဟုတ်​ပါတယ်​ သူဟာ အ​နောက်​အုပ်​စုရဲ့ တင့်​တပ်​မ​တွေအတွက်း ဆူး​ညှောင့်​ခလုပ်​ တစ်​ခုပါဘဲ....
   သူ့အ​နေနဲ့ အ​နောက်​အုပ်​စု​တွေရဲ့ တင့်​တပ်​မ​တွေကို ဖျက်​ဆီးဖို့ ဒီဇိုင်းထုတ်​တည်​​ဆောက်​ခဲ့တဲ့ ဆိုဗီယက်​တို့ရဲ့ ၁၉၇၂ခုထုတ်​လက်​ယာဘဲဖြစ်​ပါတယ်
  ဒါအပြင်​ တပ်​စိတ်​တစ်​စိတ်​စာ စစ်​သည်​(၈) ​ယောက်​ သယ်​ယူနှိုင်​ပါ​သေးတယ်
  ၎င်းကို​တော့နိုင်​ငံ​ပေါင်း၃၀​ကျော်​​လောက်​အထိအသုံးပြု​နေကြပါတယ်
  အဆိုပါ Mi-35​တွေရဲ့ ပထမဆုံးပျံသန်းမှုကို​တော့ ၁၉၆၉ခု စက်​တင်​ဘာလ ၁၉ရက်​မှာ ​အောင်​မြင်​စွာပျံသန်းနှိုင်​ခဲ့တာဖြစ်​ကာ ၁၉၇၂ခုအ​ရောက်​မှ စတင်​ပြီးထုတ်​လုပ်​လာခဲ့တာဖြစ်​ပါတယ်​...
      ယ​နေ့အချိန်​အထိ အစီး​ရေ ၂၆၄၈စီးထုတ်​လုပ်​ခဲ့ကာ မြန်​မာအ​နေနဲ့ ၁၀စီး​လောက်​ပိုင်​ဆိုင်​မယ်​လို့ ယူဆရပါတယ်
      ၎င်းတန်​​ကြေးက​တော့ ၂၀၁၅​ဈေးအရ အ​မေရိကန်​​ဒေါ်လာ ၁၂သန်းဖြစ်​ကာ မြန်​မာ​ငွေနဲ့ဆိုလျှင်​ ၁.၆ဘီလျှံ​ကျော်​တန်​ပါတယ်​ ....
      ၎င်းအား ​မောင်းနှင်​ အသုံးပြုရန်​ ပိုင်း​လော့ ၂​ယောက်​ ထားရှိနှိုင်​ကာ ​နောက်​၌ စစ်​သည်​ ၈ဦး /လူနာတင်​ကုတင်​ ၄လုံး /ကုန်​ချိန်​ ၅၂၉၁​ပေါင်​အထိ အ​ရေး​ပေါ်စစ်​သည်​များအသုံးပြုရန်​ လက်​နက်​ခဲယမ်း/စားနပ်​ရိက္ခာ စသည်​တို့ကို သယ်​​ဆောင်​နှိုင်​ပါတယ်
  ၎င်းအ​နေဖြင့်​ ရဟတ်​ယာဉ်​ အလျှား ၅၇​ပေ ၄လက္မ၊  ဒလက်​အချင်း၅၆​ပေ ၇လက္မ၊ ​ဘေး​တောင်​ပံအလျှား၂၁​ပေ ၃လက္မ၊ ရဟတ်​ယာဉ်​အမြင့်​ ၂၁​ပေ ၃လက္မရှိပါတယ်
     အင်​ဂျင်​အ​နေဖြင့်​ မြင်း​ကောင်​​ရေ ၂၂၀၀အားရှိ Isotov TV3-117အမျိုးအစား တာဘိုင်​၂လုံးတပ်​ဆင်​ထားပါတယ်
  အလျှင်​အ​နေဖြင့်​ တစ်​နာရီလျှင်​ ၂၀၈မိုင်​အထိ အမြန်​ဆုံး​မောင်းနှိုင်​ကာ အမြင့်​​ပေ ၁၆၀၇၆​ပေအထိ တက်​နှိုင်​ပါတယ်
     ပျံသန်းနှိုင်​မည့်​အကွာအ​ဝေးက​တော့ ၂၈၀မိုင်​ဖြစ်​ပါတယ်
မိတ်​​ဆွေအ​ပေါင်း ကိုယ်​စိတ်​​သောကကင်းကြပါ​စေ
ဖြိုး​မောင်​​မောင်​​ဇော်
၂၆/၁၁/၂၀၁၇
Comments
Popular posts from this blog
မင်္ဂလာပါ ကြည်​လင်း​သေဒဏ်​မှလွတ်​ပါ​စေ
သင်းကွဲငှက်များနားခိုရာ @@@@@@@@@@@@ ရေး - မင်းဂျွန်စိုး ဆို - ဗညားဟန် ငါ့ဘဝကိုပြောပြမယ် ရယ်သံတွေခဏရပ်ပေးပါဦး ငါ့ဘဝဟာ ခေတ္တနားခိုရာ  သင်းကွဲငှက်များနဲ့အတူ ပျော်ရွှင်စွာချမ်းမြေ့ဖူးတာပဲ နှလုံးသားမှာ ခဏတော့နားခိုကာ အတောင်စုံပြီ အချစ်ငှက်ကလေးတွေ ဝေဟင်မှာ ဝဲလိုက်ဦးပေါ့ သင်လိုရာသွားတော့ သွားတော့လေ ငါ့ဘဝမုန်တိုင်းထဲမှာ သင်လိုတာတစ်ခုမှမရှိပါဘူး/ အပျော်ဆိုတာတစ်နေ့မှမရှိပါဘူး နှလုံးသားမှာခဏတော့နားခိုပါ မင်းရဲ့အဖော်များတွေ့ရင် သူခေါ်ရာလိုက်လို့သွားပါတော့ ခွင့်လွှတ်ပါမပြောနဲ့ နားလည်တယ် ယာယီအိမ်အတိတ်က နန်းတော် လည်ပြန်ကာလှည့်လို့ မကြည့်နဲ့ ဒီရင်ကို စွန့်လို့ထားခဲ့လေ အငြိုးရှိရင်ကျေပါတော့လေ  လူ့ဘဝကို ပိုင်ဆိုင်တဲ့ကံ ဆွေးမြည့်တဲ့ သံစဉ်များနဲ့ ငါ့ဘဝဟာ ခေတ္တနားခိုရာ သင်းကွဲငှက်များရဲ့နားခိုရာ ဘဝဇာတ်ခုံကြားထဲမှာ  ကြုံသလိုသာ ကလိုက်တော့အချစ်ဆုံးရယ် မဖြစ်ဖြစ်သလိုခွင့်လွှတ်ပေးပါမယ် တို့နှစ်ယောက်ပြန်တွေ့တဲ့အခါ  မမြင်သလိုသာ လှည့်ထွက်သွားပါတော့ မင်းဘဝကိုအမြဲတမ်းနားလည်တယ်  ဒီရင်ကစွန့်လွှတ်ခြင်းတွေ ဒီရင်ကစွန့်လွှတ်ခြင်းများ ယူ...