Skip to main content

ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ က ဒေသခံများအတွက် ပိုမိုအကျိုး ရှိ၊ အထောက်အကူဖြစ်စေနိုင်
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
နေပြည်တော်၊ ဇန်နဝါရီ - ၁၂

ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံများဆောင်ရွက်နိုင်သော စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ နှင့် စီးပွားရေးဆိုင်ရာအခြေခံအဆောက်အအုံများဖန်တီးပေးခြင်း၊ နည်းပညာများ ကူညီပေးခြင်းက ဒေသခံပြည်သူများ၏ ဘဝရပ်တည်ရေးအတွက်ပိုမိုအကျိုးရှိ၊ အထောက်အကူပြုနိုင်ပြီး ပြည်သူလူထုကလည်း ပိုမိုလိုလားကြမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Taro KONO အားယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI ၊ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် Mr. Shigeki TAKIZAKI ၊ ဂျပန်နိုင်ငံစစ်သံမှူး Col.Kei TAJIKA နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်တိုးတက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏လွတ်လပ်ရေး အတွက်ဂျပန်နိုင်ငံ၏ ကူညီဆောင်ရွက်ခဲ့ မှုများ၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ ဂျပန်နိုင်ငံ၏အထောက် အကူပေးမှုများ၊ အာရှဒေသကုန်သွယ်ရေလမ်းကြောင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် တပ်မတော်မှအကာအကွယ် ပေးဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွက် ဂျပန်နိုင်ငံကအကူအညီပေးမည့်ကိစ္စရပ်များ၊ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအားအပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများအပြန်အလှန် ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။



ရခုိင္ျပည္နယ္အတြင္း ေဒသဖြံ႕ၿဖိဳးေရး၊ အလုပ္အကုိင္အခြင့္အလမ္းမ်ားရရွိေရး၊ စီးပြားေရး ဖြံ႕ၿဖိဳးတုိးတက္ေရး အကူအညီမ်ား က ေဒသခံမ်ားအတြက္ ပုိမုိအက်ိဳး ရွိ၊ အေထာက္အကူျဖစ္ေစႏုိင္
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
ေနျပည္ေတာ္၊ ဇန္န၀ါရီ - ၁၂

ရခုိင္ျပည္နယ္အတြင္း ေဒသဖြံ႕ၿဖိဳးေရးအတြက္ ေဒသခံမ်ားေဆာင္ရြက္ႏုိင္ေသာ စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးဆုိင္ရာ ကုန္ထုတ္လုပ္ငန္းမ်ား၊ အလုပ္အကုိင္အခြင့္အလမ္းမ်ား ႏွင့္ စီးပြားေရးဆုိင္ရာအေျခခံအေဆာက္အအုံမ်ားဖန္တီးေပးျခင္း၊ နည္းပညာမ်ား ကူညီေပးျခင္းက ေဒသခံျပည္သူမ်ား၏ ဘ၀ရပ္တည္ေရးအတြက္ပုိမုိအက်ိဳးရွိ၊ အေထာက္အကူျပဳႏုိင္ၿပီး ျပည္သူလူထုကလည္း ပုိမုိလုိလားၾကမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ဂ်ပန္ႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီး H.E. Mr. Taro KONO အားယေန႔ ေန႔လယ္ပုိင္းတြင္ ေနျပည္ေတာ္ ရွိ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္၌လက္ခံေတြ႕ဆုံရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးညိဳေစာ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ဂ်ပန္ႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Tateshi HIGUCHI ၊ဂ်ပန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနၫႊန္ၾကားေရးမွဴးခ်ဳပ္ Mr. Shigeki TAKIZAKI ၊ ဂ်ပန္ႏုိင္ငံစစ္သံမွဴး Col.Kei TAJIKA ႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံဆက္ဆံေရးေကာင္းမြန္တုိးတက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏လြတ္လပ္ေရး အတြက္ဂ်ပန္ႏုိင္ငံ၏ ကူညီေဆာင္ရြက္ခဲ့ မႈမ်ား၊ ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းရာ၌ ဂ်ပန္ႏုိင္ငံ၏အေထာက္ အကူေပးမႈမ်ား၊ အာရွေဒသကုန္သြယ္ေရလမ္းေၾကာင္း လုံၿခဳံေရးဆုိင္ရာကိစၥရပ္မ်ား၊ ရခုိင္ျပည္နယ္ျဖစ္စဥ္မ်ားႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ႏုိင္ငံေတာ္ႏွင့္ႏုိင္ငံသားမ်ားအတြက္ တပ္မေတာ္မွအကာအကြယ္ ေပးေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ရခုိင္ျပည္နယ္အတြက္ ဂ်ပန္ႏုိင္ငံကအကူအညီေပးမည့္ကိစၥရပ္မ်ား၊ တပ္မေတာ္ ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈ အေျခအေနမ်ားအားအျပန္အလွန္ ေဆြးေႏြးေျပာၾကားခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဂ်ပန္ႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ားအျပန္အလွန္ ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။


🇲🇲 Phyo Maung Maung Zaw
      14/1/2017

Comments

Popular posts from this blog

သင္းကြဲငွက္မ်ားနားခိုရာ @@@@@@@@@@@@ ေရး - မင္းဂၽြန္စိုး ဆို - ဗညားဟန္ ငါ့ဘဝကိုေျပာျပမယ္ ရယ္သံေတြခဏရပ္ေပးပါဦး ငါ့ဘဝဟာ ေခတၱနားခိုရာ  သင္းကြဲငွက္မ်ားနဲ႔အတူ ေပ်ာ္ရႊင္စြာခ်မ္းေျမ့ဖူးတာပဲ ႏွလံုးသားမွာ ခဏေတာ့နားခိုကာ အေတာင္စံုျပီ အခ်စ္ငွက္ကေလးေတြ ေဝဟင္မွာ ဝဲလိုက္ဦးေပါ့ သင္လိုရာသြားေတာ့ သြားေတာ့ေလ ငါ့ဘဝမုန္တိုင္းထဲမွာ သင္လိုတာတစ္ခုမွမရွိပါဘူး/ အေပ်ာ္ဆိုတာတစ္ေန႔မွမရွိပါဘူး ႏွလံုးသားမွာခဏေတာ့နားခိုပါ မင္းရဲ့အေဖာ္မ်ားေတြ႔ရင္ သူေခၚရာလိုက္လို႔သြားပါေတာ့ ခြင့္လႊတ္ပါမေျပာနဲ႔ နားလည္တယ္ ယာယီအိမ္အတိတ္က နန္းေတာ္ လည္ျပန္ကာလွည့္လို႔ မၾကည့္နဲ႔ ဒီရင္ကို စြန္႔လို႔ထားခဲ့ေလ အျငိဳးရွိရင္ေက်ပါေတာ့ေလ  လူ႔ဘဝကို ပိုင္ဆိုင္တဲ့ကံ ေဆြးျမည့္တဲ့ သံစဥ္မ်ားနဲ႔ ငါ့ဘဝဟာ ေခတၱနားခိုရာ သင္းကြဲငွက္မ်ားရဲ့နားခိုရာ ဘဝဇာတ္ခံုၾကားထဲမွာ  ၾကံဳသလိုသာ ကလိုက္ေတာ့အခ်စ္ဆံုးရယ္ မျဖစ္ျဖစ္သလိုခြင့္လႊတ္ေပးပါမယ္ တို႔ႏွစ္ေယာက္ျပန္ေတြ႔တဲ့အခါ  မျမင္သလိုသာ လွည့္ထြက္သြားပါေတာ့ မင္းဘဝကိုအျမဲတမ္းနားလည္တယ္  ဒီရင္ကစြန္႔လႊတ္ျခင္းေတြ ဒီရင္ကစြန္႔လႊတ္ျခင္းမ်ား ယူ...
ဂဠုန်ဆရာစံ ဂဠုန်ဆရာစံ နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဂဠုန်ဆရာစံ(၂၄ အောက်တိုဘာ ၁၈၇၆ - ၂၈ နိုဝင်ဘာ ၁၉၃၁) သည် ထင်ရှားသော ဘုန်းကြီး တစ်ပါးနှင့် ဗမာတိုင်းရင်းဆေးဆရာ တစ်ယောက် ဖြစ်ပြီး ၁၉၃၀-၁၉၃၁တွင် ဖြစ်ပွားသော ဗမာ့တောင်သူလယ်သမားတော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ကာ ဗမာ့ထီးနန်းကို တောင်းဆိုသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။  ဗြိတိသျှနယ်ချဲ့တို့၏ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရာတွင် တိုင်းရင်းသားတို့အား တစ်စည်းတစ်လုံး တည်းဖြစ်စေရန် ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။ ရန်ကုန် ၊ ပဲခူး  စီရင်စု၊  ဗြိတိသျှ  ဘားမား၊၂၈ရက် နိုဝင်ဘာ လ ၁၉၃၁၊အသက်(၅၅ နှစ်)တွင်ကွယ်လွန်ခဲ့သည်။ ငယ်စဉ်ဘဝ ပြင်ဆင် ဒီပဲယင်းမြို့နယ်၊ သရက်ကန် အရှေ့ရွာတွင် ၁၈၇၆ခု အောက်တိုဘာလ ၂၄ရက် တွင် မွေးဖွားသည်။  ဖခင် အမည်မှာ ဦးကျေး ဖြစ်ပြီး မိခင်အမည်မှာ ဒေါ်ဖက် ဖြစ်ကာ မောင်နှမ ၅ ယောက်တွင် အငယ်ဆုံး ဖြစ်သည်။  ဗမာလူမျိုးဖြစ်ပြီး ထေရဝါဒ ဗုဒ္ဓဘာသာ ကိုကိုးကွယ်သည်။  ဆရာစံ၏ အခြားအမည်တစ်မျိုးမှာ ဦးရာကျော် ဖြစ်သည်။ မွေးချင်းများမှာ - ဦးရာကြူး ဦးရာဒန် ဒေါ်အေးမြ...
တီ-၉၀တင္​့ @@@@ က်ြန္​​ေတာ္​တို႔အမ်ားအားျဖင္​့သိၾကတဲ့ တီ-၉၀တင္​့ဟာ အ​ေနာက္​အုပ္​စုက​ေတာ့ တီ-၇၂ ယူဗြီလို႔ ​ေခၚၾကၿပီး...၎ဟာ တီ-၈၀တင့္​ရဲ႕အစိတ္​အပိုင္​း အ​ေတာ္​မ်ားမ်ား ထည္​့သြင္​းတည္​​ေဆာက္​ထားပါတယ္​...       တီ-၉၀တင္​့ဟာ တီ-၇၂ကို အဆင္​့ျမႇင္​့လာတာျဖစ္​ၿပီး သူ႔မွာ 125mm 2A46 smoothbore ၊အႀကံ​ေပးစစ္​သည္​ပစ္​ရန္​ စက္​​ေသနပ္​ ၊ 1G46အမ်ိဳးအစား အ​ေျမာက္​ပစ္​ရန္​ျမင္​ကြင္​းၾကည္​့ကိရိယာ၊ အင္​ဂ်င္​အမ်ိဳးအသစ္​ ၊ႏွင္​့ အပူလွိုင္​းရွာ ျမင္​ကြင္​းမ်ာကို တပ္​ဆင္​လာတာ ​ေတြ႕ျမင္​ရပါတယ္​...    ဒါအျပင္​ စံအကာအကြယ္​မ်ားအျဖစ္​ သံမဏိ​ေရာစပ္​ အကာအကြယ္​၊ ​ေပါင္​းစပ္​သံခ်ပ္​ကာ၊ မီးခိုးပစ္​​ေမာ္​တာ၊Kontakt-5အမ်ိဳးအစား တံု႔ျပန္​-​ေပါက္​ကြဲအား လက္​နက္​၊ Nakidka -​ေျပာက္​က်ားကြပ္​​ေဆး ၊ Shtoraအမ်ိဳးအစား အနီ​ေအာက္​​ေရာင္​ခ်ည္​သံုး (ATGM /Anti-Tank Guided Missile)ဂ်န္​မာ စနစ္​တို႔ တပ္​ဆင္​ပါဝင္​လာပါတယ္​... သို႔​ေသာ္​  တီ-၉၀တင္​့အား EMT-7 လ်ွပ္​စစ္​သံလိုက္​လွိုင္​းခံုဗံုးဒဏ္​ ခံႏွိုင္​ရန္​ ​ေရဒီယ္ိုသတၱိႂကြမႈ စမ္​းသပ္​​ရာတြင္​ ​ေအာင္​ျမင္​မႈမရရွိခဲ့​ေပး ထို႔​ေၾကာင္​့ ရုရွားတပ္...