Skip to main content
GPSတို့၏ သမိုင်း​ကြောင်း...
@@@@@@@@@@@@@
        ယ​နေ့ ကမ္ဘာကြီးမှာသုံးနေကြတဲ့ GPS စနစ်​အတွက်​ ဂြိုလ်​တု
တွေဟာ  လမ်း​ကြောင်း၆ခုမှာ တစ်​လမ်းလျှင်​ ၄စင်းနှုန်းဖြင့်​ ၂၄စင်း ​နေ့ည ကမ္ဘာ​မြေမှမှိုင်​​ပေါင်း ၁၂၄၂၇မိုင်​အကွာ အာကာသမှ လှည့်​ပတ်​​နေကြပါတယ်​....
     ၎င်းထည်းကမှ ပထမဆုံး ​ရေ​ကြောင်းဆိုင်​ရာ ဂြိုလ်​တုကို အ​မေရိကန်​​ရေတပ်​ဟာ  ၁၉၆၀ထည်းက အာကသမှာ ထားရှိခဲ့ကာ အာကာသမှ​နေ၍  ရန်​သူ့ စစ်​​ရေယာဉ်​ ၊ရန်​သူ့​မြေပြင်​အ​ခြေအ​နေများကို ​လေ့လာ​ထောက်​လှမ်းခဲ့ကြပါတယ်​...
     ယ​နေ့အခါမှာ​တော့ ကမ္ဘာ့ဘယ်​​နေရာကိုမဆို တစ်​​နေရာထည်းကို ဂြိုလ်​တု ၅စင်းဖြင့်​ ရိုက်​ကူးထား​သော ရိုက်​ချက်​ ၅မျိုးဖြင့်​ ပတ်​လည်​ ကြည့်​ရှုနှိုင်​​နေပြီဖြစ်​ပါတယ်​...
    ဒုတိယကမ္ဘာစစ်​အပြီးစစ်​​အေးတိုက်​ပွဲဖြစ်​လာချိန်​မှာ​တော့ ဂျီပီအက်​စ်​(Global Positioning System (GPS))လို့​ခေါ်တဲ့စနစ်​ဟာ အ​တော်​ကို အ​ရေးပါလာသလို တိုးတက်​ဖို့ ကြိုးစားလာ​နေကြပါပြီ...
  အ​မေရိကန်​​ရေတပ်​ဟာလည်း ပင်​လယ်​သမုဒ္ဒရာအနှံ​ရောက်​​နေတဲ့ သူတို့​ရေငုတ်​သ​င်္ဘော​တွေရဲ့တည်​​နေရာကိုသိဖို့ လိုအပ်​ချက်​​တွေရှိလာ​နေပါပြီ....
  အ​မေရိကန်​​လေတပ်​ဖြစ်​တဲ့ USAFဟာလည်း ​ရေတပ်​ကဲ့သို့ ရန်​သူ့တည်​​နေရာကို စံစမ်းဖို့ GPSကို လိုအပ်​လာပါတယ်​....ထို့အတူပါဘဲ  အ​မေရိကန်​ ကြည်းတပ်​ဟာလဲ လိုအပ်​လာပါတယ်​...
  ဒီလိုလိုအပ်​ချက်​​တွေ​ကြောင့်​ SECOR စနစ်​လို့​ခေါ်တဲ့ ​မြေပြင်​မှထုတ်​လွှင့်​ချက်​ဖြင့်​ ဂြိုလ်​တုအား​ပေးပို့ကာ တည်​​နေရာအား ရှာ​ဖွေတဲ့စနစ်​ကို အရှိန်​အဟုန်​ဖြင့်​တိုးတက်​​အောင်​ ကြိုးစားလာကြပါတယ်​.
...
      ဒီလိုစနစ်​​ရဲ့  အဓိကထားတီထွင်​တဲ့ ရည်​ရွယ်​ချက်​က​တော့  အ​မေရိကန်​စစ်​တပ်​​တွေ ​​၊စစ်​​ရေယာဉ်​​တွေ ၊စစ်​ဘက်​​လေယာဉ်​​တွေ ပျောက်​ဆုံးသွားတာမျိုး​တွေမဖြစ်​​အောင်​ဖြစ်​ပါတယ်​...
   ဒါ​ကြောင့်​ ပထမဆုံး​သော SECORစနစ်​အတွက်​ ဂြိုလ်​တုကို ၁၉၆၉မှာစတင်​ ပစ်​လွှတ်​နှိုင်​ခဲ့ပါတယ်​....
   ဘ​လော့-၁များ လွှတ်​တင်​ခြင်း
@@@@@@@@@@@@@@
     ထို့​နောက်​ ၁၉၇၄ခုအ​ရောက်​မှာ ဘ​လော-၁ ဂြိုလ်​တု ၈စင်း ကို အ​မေရိကန်​တို့ဟာ GPSစနစ်​အတွက်​ စတင်​တည်​​ဆောက်​ခဲ့ကြပါတယ်​...
    ၎င်းမှ ၁၉၇၈ခုအ​ရောက်​မှာ​တော့ ဂြိုလ်​​တု ၈စင်းတည်​​ဆောက်​ရာမှာ ၃စင်း ပြီးစီးခဲ့ပါတယ်
   ထို့​နောက်​ ၁၉၇၈ခုနှစ်​မှာဘဲ ၎င်းပြီးစီးတဲ့ ဂျိုလ်​တု ၃စင်းဖြစ်​တဲ့ ​နေဗ်​စတာ-၁ ၊​နေဗ်​​စတာ-၇ ၊နှင့်​ တန်း ဘ​လော့ -၁ ဂျိုလ်​တု၃စင်းကို အာကာသသို့ GPSစနစ်​များအ​ကောင်​အထည်​​ဖော်​ရန်​ ပစ်​လွှတ်​နှိုင်​ခဲ့ပါတယ်​....
      ၎င်းထည်းကမှ ​နေဗ်​စတာ-၇ ဂျိုလ်​တုဟာ ၁၉၈၁ခု ဒီဇင်​ဘာလ ၁၈ရက်​မှာ ပျက်​ကျသွားခဲ့ပါတယ်​...
      အဆိုပါ  ဘ​လော့-၁ ဂြိုလ်​တု​တွေကို အပြည်​ပြည်​ဆိုင်​ရာ တိုက်​ချင်းပစ်​ မစ်​ဇိုင်းဌာနအဖြစ်​ ယ​နေ့ ​ပြောင်းလဲလာ​သော ဗန်​ဒန်​ဘာဂ်ျ​ (Vandenberg)အ​မေရိကန်​​လေတပ်​စခန်းက​နေ ပစ်​လွှတ်​ခဲ့ကြတာဖြစ်​ပါတယ်​...
    ၎င်း ဘ​လော့-၁ ဂြိုလ်​တု​တွေကို ပစ်​လွှတ်​၍ အားနည်းချက်​ အားသာချက်​များအားအဆင်​မြှင့်​တင်​လာရာ ၁၁စင်း​မြောက်​တွင်
ဘ​လော့-၂စီးရီးအဖြစ်​ ထုတ်​လုပ်​ကာ လွှတ်​တင်​လာခဲ့ပါတယ်​...
      ၎င်းဘ​လော့-၂ ဂြိုလ်​တု​တွေမှာ​တော့ မျက်​နှာပြင်​ အ​ပေါ်​အောက်​ ၂ဘက်​ပါ ဝပ်​ ၄၀၀အားထုတ်​​ပေး​သော ဆိုလာပြားက​နေလျှပ်​စစ်​ထုတ်​​ပေး​သောစနစ်​ ...ကမ္ဘာအရိပ်​ ဂျိုလ်​တုအားကျချိန်​တွင်​ လျှပ်​စစ်​အားရရှိ​စေရန်​ ဘက်​ထရီဖြင့်​ လျှပ်​စစ်​သိုလ်​​လှောင်​ကာ လျှပ်​စစ်​ပြန်​ထုတ်​​ပေး​သော NiCd ချာဂျင်​စနစ်​များ တပ်​ဆင်​လာခဲ့ပါတယ်​..
   ၎င်းမှာ ဖရီကွမ်​စီ-၂မှ ဖရီကွမ်​စီ-၄ ဂီဂါဟက်​ဇ်​(GHz)အထိ အီလက်​ထရို မက်​ဂနစ်​သုံး-လှိုင်း ​ပေးပို့နှိုင်​​သော S-band လှိုင်းလွှင့်​စက်​ကို တပ်​ဆင်​လာတာကို ​တွေ့ရမှာဖြစ်​ပါတယ်​.....
      ၎င်းစနစ်​​ကြောင့်​ ယူထရာ ဟိုက်​ ဖရီကွင်​စီ(UHF) 300-MHz မှ  3-GHz ဖရီကွင်​စီအထိ လှိုင်းသုံး​သော ဆက်​သွယ်​​ရေးစက်​များဟာ အာကာသယာဉ်​ဖြင့်​ လင့်​ချိန်​ပါက အသုံးပြု၍ရလာပြီဖြစ်​ပါတယ်​...
    S-Band လှိုင်းလွှင့်​ စက်​​ကို ယ​နေ့​ခေတ်​မှာ ရာသီဥတု​ထောက်​လှမ်း​ရေး​ရေဒါများ၊ ဆက်​သွယ်​​ရေးဂျိုလ်​တုများ ၊သ​င်္ဘောကြီးများ၏​ရေဒါများ အဖြစ်​ အသုံးပြု​နေကြပါ​သေးတယ်​....
     ဒါအပြင်​ ဒုံး၏ တွန်းကန်​ရန်​ ​လောင်​စာရည်​​နေရာမှာ (N2-H4)ဆိုတဲ့ ဟိုက်​ဒရာဇင်​ ​လောင်​စာရည်​ကို ထည့်​သွင်းကာ အသုံးပြုလာခဲ့ကြပါတယ်​....
   အဆိုပါ ဟိုက်​ဒရာဇင်​ဟာ ဒုံးပျံများရဲ့ ဂြိုဟ်​ပတ်​လမ်း ​လမ်း​ကြောင်း ရှာ​ဖွေ/​ပြောင်း​ရွှေ့ရာတွင်​ တွန်းကန်​ရန်​ လောင်​စာရည်​အဖြစ်​သာမကဘဲ ....
     နူးကလီးယားလျှပ်​စစ်​ ဓာတ်​အား​ပေးစက်​ရုံများ၏ လျှပ်​စစ်​ စွမ်းအင်​ဖြစ်​​စေရန်​ အ​ရေးပါ​သော အောက်​စီဂျင်​​ပျော်​ရည်​များအား ဖယ်​ရှားရှင်းလင်းမှုတွင်​ လည်းလိုအပ်​သလို ထိမ်းချုပ်​၍ အသုံးပြုကြသည်​..
  ၎င်း ဟိုက်​ဒရာဇင်​၏ ​ရေဆူမှတ်​သည်​ အပူချိန်​  ၁၁၄°စင်​တီဂရိတ်​ ဖြစ်​ကာ အပူချိန်​ ၂ဒီဂရီ စင်​တီဂရိတ်​မှာ အရည်​စ​ပျော်​မှာဖြစ်​ပါတယ်​....
  ဓာတ်​​ငွေ့ အ​လေးချိန်​​ဟာ ၃၂.၀၄၅၂ ဂရမ်​ပါမိုး ...(32.0452 g mol−1)ဖြစ်​ပါတယ်​..
   ၎င်းဟာ ​ရေမှာ​ပျော်​ဝင်​လွယ်​တဲ့ပစ္စည်းဖြစ်​ပါတယ်​....
      ၎င်း ​အော်​ဂမ်းနစ်​မဟုတ်​တဲ့/သဘာဝမှာမရှိတဲ့  ဒြပ်​​ပေါင်းဟာ
နိုက်​ထရိုဂျင်​-တစ်​ထပ်​စည်း ထုတ်​လုပ်​ရာမှာ၎င်း....
မိုနိုကလိုရိန်း ​ဓာတ်​ပြုမှုဖြစ်​စဉ်​ ၌၎င်း....အသုံးပြုကြပါ​သေးတယ်​...
   ထို့​နောက်​ပိုင်း ​ L-Band လှိုင်းလွှင့်​စက်​ ၂လုံးဖြစ်​တဲ့ ဖရီကွင်​စီ  (1575.42 MHz )အားသုံး (L1) နှင့်​ ဖရီကွင်​စီ  (1227.60 MHz ) အားသုံး (L2)စက်​တို့ကို  GPSစနစ်​အတွက်​ ထည့်​သွင်းအသုံးပြုလာခဲ့ပါတယ်​...
     ဘ​လော့-၁ ဂြိုလ်​တု ​နောက်​ဆုံး လွှတ်​တင်​မှုကို ၁၉၈၅ ​အောက်​တိုဘာ ၉ရက်​တွင်​ ​နောက်​ဆုံးပြုလုပ်​ခဲ့ကာ သက်​တမ်းပြည့်​ရန်​ ၅နှစ်​အလို ၁၉၉၅ခု နိုဝင်​ဘာလ ၁၈ရက်​တွင်​ အသုံးပြုမှု ရပ်​နားခဲ့ပါတယ်​..
ဘ​လော့-၂ဂြိုလ်​တုများ လွှတ်​တင်​ခြင်း
@@@@@@@@@@@@@@
   အ​မေရိကန်​ဟာ ၁၉၈၃အ​ရောက်​မှာဘ​လော့-၂/ဘ​လော့-၂​အေ ဂြိုလ်​တုအစင်း ၂၈စင်းအထိထုတ်​ဖို့ ကန်​ထရိုက်​စာချုပ်​များချထား​ပေးလာပါတယ်
   ၎င်း ဘ​လော့-၂ ဂြိုလ်​တု​တွေဟာ GPSစနစ်​အတွက်​ အ​တော်​ကို ပြည့်​စုံလာပါတယ်​...
  ၇၁၀ဝပ်​အားထုတ်​တဲ့ ဆိုလာပြား ၂ခု ...
   S-Band ​စက်​​တွေက​တော့ ဆက်​လက်​ပြီးသုံးဆဲပါ....
  ဟိုက်​ဒရာဇင်​ ​လောင်​ဇာကို ဂြိလ်​တုနှာထည့်​​ပေးထားကာ ဂြိလ်​ပတ်​လမ်းအ​ပြောင်းအ​ရွှေ့ ​နေရာချထားတာ​တွေ ၊​လျှောက်​ကြည့်​တာ​တွေ လုပ်​လာနှိုင်​ပါပြီ...
   ဒါအပြင်​ ၎င်းဂြိုလ်​တုမှာ ယူဗီဒီယမ်​နှင့်​ စီဆီယမ်​ ၂လုံးစီ တပ်​​ဆင်​​ပေးလာပါတယ်​...
   ၎င်းတို့ဟာ နူးကလီးယား​ဖောက်​ခွဲတာ​တွေ ၊စမ်းသပ်​တာ​တွေ ​ထောက်​လှမ်းတဲ့ကိရိယာဖြစ်​ပြီး အ​လေးချိန်​ ၃၃၆၀​ပေါင်​ ​လေးပါတယ်​...
  ပထမဆုံးမှ ​ရေတွက်​ပါက ၉စင်း​မြောက်​ ဘ​လော့-၂ ဂြိုလ်​တုကို ၁၉၈၉ခု ​ဖေ​ဖော်​ဝါရီလ ၁၄ရက်​၌၎င်း..​နောက်​တစ်​စင်းကို ၁၉၉၀ ​အောက်​တိုဘာလ ၁ရက်​တွင်​၎င်း ...ဘ​လော့-၂ စီးရီးရဲ့ ​နောက်​ဆုံး ဂြိုလ်​တုကို ၂၀၀၇ခု မတ်​လ ၁၅ရက်​၌ လွှတ်​တင်​ခဲ့ပါတယ်​...
 ဘ​လော့-၂​အေ ဂြိုလ်​တုများလွှတ်​တင်​ခြင်း
@@@@@@@@@@@@
     ၎င်းဘ​လော့ -၂​အေ ​တွေဟာ ဘ​လော့-၂ကို အဆင့်​မြှင့်​ထားတာဖြစ်​ပါတယ်
  အ​လေးချိန်​အားဖြင့်​​ပေါင်​ ၄​ထောင်​အထိရှိလာပါတယ်​...
    ၁၉စင်း​မြောက်​ ဂြိုလ်​တုဖြစ်​တဲ့ ဘ​လော့-၂​အေ ကို ၁၉၉၀ခု နိုဝင်​ဘာလ ၂၆ရက်​၌ ပစ်​လွှတ်​ခဲ့ကာ ​နောက်​တစ်​စင်းကို ၁၉၉၇ခု နိုဝင်​ဘာလ ၆ရက်​မှာ ပစ်​လွှတ်​ခဲ့ပါတယ်​...
   ဘ​လော့-​အေ စီးရီးရဲ့ ​နောက်​ဆုံးတည်​​ဆောက်​​နေမှုကို ၂၀၁၆ခု ဇန်​နဝါရီလ ၂၅ရက်​မှာ ဖျက်​သိမ်းခဲ့ပါတယ်​...
   အာကာသအတွင်းရှိ ဘ​လော့-၂​အေ စီးရီး ၂စင်းကို အမှတ်​ ၃၅နှင့်​ ၃၆ဟု အမည်​​ပေးကာ ၎င်းမှာ ​လေဆာ ​ရောင်​ပြန်​ကိုတပ်​ဆင်​ထားရှိလာပါတယ်​...
Block2R-M စီးရီး ဂြိုလ်​တုများ
လွှတ်​တင်​ခြင်း
@@@@@@@@@@@@@@
၎င်းဂြိုလ်​တု​တွေဟာ အဓိကအားဖြင့်​ အ​မေရိကန်​စစ်​ဘက်​သီးသန့်​ အသုံးပြုရန်​ လွှတ်​တင်​ထားတာဖြစ်​ပါတယ်​...
  အဆိုပါ Block2R-M ဂြိုလ်​တု​တွေဟာ ​မြေပြင်​ကိုပိုမြင်​ရမှာဖြစ်​ကာ ၎င်းကို ​လော့ဟီးမာတင်​ ကုမ္ပဏီမှ ၈စင်းအထိ တည်​​ဆောက်​​ပေးမှာဖြစ်​​ကြောင်းသိရပါတယ်​..
  ပထမဆုံး စစ်​သုံး Block IIR-M ဂြိုလ်​တုကို ၂၀၀၅ခု စက်​တင်​ဘာလ ၂၆ရက်​မှာလွှတ်​တင်​ခဲ့ကာ ​နောက်​ဆုံးလွှတ်​တင်​ခဲ့မှုကို ၂၀၀၉ခု သြဂုတ်​လ ၁၇မှာ လွှတ်​တင်​ခဲ့ပါတယ်​...
Block IIF စီးရီးများ လွှတ်​တင်​ခြင်း
@@@@@@@@@@@@@@@
  ၎င်း Block IIF series ဂြိုလ်​တု​တွေဟာ ​ပျံသန်းပြီး ​လေ့လာတဲ့ ဂြိုလ်​တု​အမျိုးအစားဖြစ်​ပါတယ်​...
   ၎င်းကို ဘိုးရင်းကုမ္ပဏီမှ တည်​​ဆောက်​ခဲ့ကာ အ​လေးချိန်​အားဖြင့်​ ၃၆၀၀​ပေါင်​ရှိကာ သက်​တမ်းအားဖြင့်​ ၁၂နှစ်​အထိ သုံးနှိုင်​​ကြောင်းသိရပါတယ်​...
   အဆိုပါ Block IIFဂြိုလ်​တုကို ၂၀၁၀ခု ​မေလတွင်​ Delta IV ​ရောကဒ်​ဖြင့်​လွှတ်​တင်​ခဲ့ပါတယ်​...
  ၁၂စင်း​မြောက်​ Block IIFရဲ့ ​နောက်​ဆုံးလွှတ်​တင်​မှုကို ၂၀၁၆ခု ​ဖေ​ဖော်​ဝါရီလ ၅ရက်​တွင်​ ပစ်​လွှတ်​ခဲ့ပါတယ်​...
Block IIIA စီးရီး ဂြိုလ်​တုများ
လွှတ်​တင်​ခြင်း
@@@@@@@@@@
    အဆိုပါ Block IIIA စီးရီး ဂြိုလ်​တုကို ​လော့ဟီးမာတင်​ ကုမ္ပဏီက ၂စင်​တည်​​ဆောက်​​ပေးရန်​ ၂၀၁၆ခု စက်​တင်​ဘာလမှာ စာချုပ်​ချုပ်​ဆိုပြီးဖြစ်​ကာ ၎င်းမှာ တတိယမျိုးဆက်​အဆင့်​ လှိုင်းလွှင့်​စက်​များ တပ်​ဆင်​ပါရှိလာမှာဖြစ်​ပါတယ်​...
  ပထမဆုံး Block IIIA စီးရီး ဂြိုလ်​တုကို ၂၀၁၈ခု မှာ လွှတ်​တင်သွားဖွယ်​ရှိပါတယ်​...
Block IIIF စီးရီးဂြိုလ်​တုများ
လွှတ်​တင်​ခြင်း
@@@@@@@@@@
၎င်းကို  ၂၀၂၅မှပစ်​လွှတ်​နှိုင်​မယ်​လို့ လျှာထားကာ ၂၀၃၄အထိ အသုံးပြုဖွယ်​ရှိပါတယ်​...
    GPS ဂြိုလ်​ တုများဟာ Navstar-1လွှတ်​တင်​ချိန်​ ၁၉၇၈ခု ​ဖေ​ဖော်​ဝါရီလ ၂၂မှစတင်​ခဲ့တာဟာ နှစ်​​ပေါင်း​၄၀​ကျော်​ ၅၀အတွင်း ဝင်​​ရောက်​လာပြီဖြစ်​ပါတယ်​...
    ၂၀၁၃အ​ရောက်​မှာ ကမ္ဘာ့ ဂြိုလ်​ပတ်​လမ်းထည်းမှာ ဂြိုလ်​တု​အစင်းပေါင်း ၉၅၀အထိ လှည့်​ပတ်​ ​နေကြပြီဖြစ်​ပါတယ်​...
   ဒီထည်းမှာ ကျွန်​​တော်​တို့ မြန်​မာလူမျိုး​တွေလွှတ်​တင်​တဲ့ ဂြိုလ်​တု ယ​နေ့အချိန်​အထိ တစ်​စင်းမျှမရှိ​သေးပါဘူး.....
   ဒါဟာ မြန်​မာ​တွေဘယ်​​လောက်​ ​ခေတ်​​နောက်​ကျ​နေပြီလဲဆိုတာကို မီး​မောင်းထိုးပြတာဖြစ်​ပါတယ်​....
      ၎င်းဂြိုလ်​တု​တွေဟာ ကျွန်​​တော်​တို့ ကမ္ဘာ​မြေမှ ၁၂၄၂၇ မိုင်​ အကွာ တွင်​ ၂၄နာရီ မနားတမ်း အချိန်​မှန်​ လှည့်​ပတ်​​ကာ ကမ္ဘာ​မြေကြီးအား အချိန်​တိုင်း ​စောင့်​ကြည့်​လျှက်​ လူသားတို့၏ ပထဝီဝင်​ နိုင်​ငံ​ရေးကို သိပ္ပံနည်းကျ တိုင်းတာကာ စစ်​​ရေး ၊စီးပွား​ရေး ၊သဘာဝ​ဘေး ၊ရာသီဥတုအ​ရေးများအား​စောင့်​ ကြည့်​​နေ​နှိုင်​​သော ​ခေတ်​မှီ သိပ္ပံ ပစ္စည်းတစ်​ခုဖြစ်​ပါ​ကြောင်း အသိ​ပေး​ဖော်​ထုတ်​​ရေးသားရပါသည်​။
စာဖတ်​သူအ​ပေါင်းအား အထူး​ကျေးဇူးတင်​ပါတယ်
Phyo Maung Maung Zaw
10/1/2018
Comments
Popular posts from this blog
မင်္ဂလာပါ ကြည်​လင်း​သေဒဏ်​မှလွတ်​ပါ​စေ
သင်းကွဲငှက်များနားခိုရာ @@@@@@@@@@@@ ရေး - မင်းဂျွန်စိုး ဆို - ဗညားဟန် ငါ့ဘဝကိုပြောပြမယ် ရယ်သံတွေခဏရပ်ပေးပါဦး ငါ့ဘဝဟာ ခေတ္တနားခိုရာ  သင်းကွဲငှက်များနဲ့အတူ ပျော်ရွှင်စွာချမ်းမြေ့ဖူးတာပဲ နှလုံးသားမှာ ခဏတော့နားခိုကာ အတောင်စုံပြီ အချစ်ငှက်ကလေးတွေ ဝေဟင်မှာ ဝဲလိုက်ဦးပေါ့ သင်လိုရာသွားတော့ သွားတော့လေ ငါ့ဘဝမုန်တိုင်းထဲမှာ သင်လိုတာတစ်ခုမှမရှိပါဘူး/ အပျော်ဆိုတာတစ်နေ့မှမရှိပါဘူး နှလုံးသားမှာခဏတော့နားခိုပါ မင်းရဲ့အဖော်များတွေ့ရင် သူခေါ်ရာလိုက်လို့သွားပါတော့ ခွင့်လွှတ်ပါမပြောနဲ့ နားလည်တယ် ယာယီအိမ်အတိတ်က နန်းတော် လည်ပြန်ကာလှည့်လို့ မကြည့်နဲ့ ဒီရင်ကို စွန့်လို့ထားခဲ့လေ အငြိုးရှိရင်ကျေပါတော့လေ  လူ့ဘဝကို ပိုင်ဆိုင်တဲ့ကံ ဆွေးမြည့်တဲ့ သံစဉ်များနဲ့ ငါ့ဘဝဟာ ခေတ္တနားခိုရာ သင်းကွဲငှက်များရဲ့နားခိုရာ ဘဝဇာတ်ခုံကြားထဲမှာ  ကြုံသလိုသာ ကလိုက်တော့အချစ်ဆုံးရယ် မဖြစ်ဖြစ်သလိုခွင့်လွှတ်ပေးပါမယ် တို့နှစ်ယောက်ပြန်တွေ့တဲ့အခါ  မမြင်သလိုသာ လှည့်ထွက်သွားပါတော့ မင်းဘဝကိုအမြဲတမ်းနားလည်တယ်  ဒီရင်ကစွန့်လွှတ်ခြင်းတွေ ဒီရင်ကစွန့်လွှတ်ခြင်းများ ယူ...