Skip to main content


ရွမ်းမဲ၊ အားဝင်း (ခရစ် ၁၈၉၁-၁၉၄၄)ပြင်ဆင်

မာရှယ်အားဝင်း ရွမ်းမဲသည် ဟစ်တလာ၏ လက်စွဲ စစ်သူကြီး တစ်ဦးဖြစ်၍ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန် စစ်တပ်များကို ဦးစီးအုပ်ချုပ်ကာ မြောက်အာဖရိကနှင့် ဥရောပ တိုက်တို့တွင် တိုက်ပွဲအမြောက်အမြားကို ဆင်နွဲခဲ့လေသည်။ ရွမ်းမဲသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၍ အသက်ဆံဖျား စွန့်စား တိုက်ခိုက်ရခြင်းကို နှစ်သက်သူ ဖြစ်ပေသည်။
ရွမ်းမဲသည် ၁၈၉၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဂျာမနီနိုင်ငံ ဆွားဗီးယားပြည်နယ် ဟိုက်ဒင်ဟိုင်းမြို့၌ ဖွားမြင် ခဲ့လေသည်၊ ၁၉၁ဝ ပြည့်နှစ်တွင် စစ်ထဲသို့ ဝင်ရောက်အမှု ထမ်းခဲ့ပြီးလျှင် ပထမကမ္ဘာစစ်ထဲသို့ ဝင်ရောက်အမှုထမ်းခဲ့ ပြီးလျှင် ပထမကမ္ဘာစစ်အတွင်းက ဒုဗိုလ်အဖြစ် စစ်မျက်နှာ များစွာတို့တွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ စစ်အပြီးတွင် ဂျာမန် စစ်အမှုထမ်း အမြောက်အမြား အလုပ်လက်မဲ့ ဖြစ်သွားလေရာ ထိုအထဲတွင် ရွမ်းမဲလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ ရွမ်းမဲသည် တူးဗင်းဂျင်တက္ကသိုလ်ကျောင်းတွင် ခေတ္တမျှ တက်ရောက် သင်ကြားပြီးနောက် ဟစ်တလာ တန်ခိုးကြီးလာ သောအခါ နေရှင်နယ်ဆိုရှယ်လစ်ပါတီ (နာဇီပါတီ)သို့ ဝင်လေ သည်။ မကြာမီ မုန်တိုင်းတပ် ဗိုလ်မှူးအဖြစ်၎င်း၊ ဟစ်တလာ ၏ သက်တော်စောင့်ဗိုလ်မှူးအဖြစ်၎င်း ခန့်ထားခြင်း ခံရလေ သည်။
ဂျာမန်တို့သည် ၁၉၃၈ ခုနှစ်တွင် ဩစတြီးယားနိုင်ငံကို ချီတက် သိမ်းပိုက်စဉ်က၎င်း၊ ၁၉၃၉ ခုနှစ်တွင် ချက်ကိုဆလို ဗားကီးယားနှင့် ပိုလန်နိုင်ငံတို့ကို သိမ်းပိုက်စဉ်က၎င်း ရွမ်းမဲ သည် ဟစ်တလာ၏ ဌာနချုပ်တွင် ရှိနေခဲ့၏။ ထိုအချိန် လောက်တွင် ရွမ်းမဲသည် တင့်ကားဖြင့် တိုက်စစ်ဆင်ရာတွင် အထူးကျွမ်းကျင်သူ ဖြစ်နေလေပြီ။
၁၉၄ဝ ပြည့်နှစ်တွင် ရွမ်းမဲသည် ပြင်သစ်တိုက်ပွဲ၌ သံချပ် ကာကားတပ်ကို ကွပ်ကဲ၍ အောင်မြင်စွာ တိုက်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဟစ်တလာက ရွမ်းမဲအား မြောက်အာဖရိကတိုက်သို့ ဂျာမန်အာဖရိကတပ်များ၏ သေနာပတိချုပ်အဖြစ် စေလွှတ် လိုက်သည်။ ရွမ်းမဲသည် သံချပ်ကာကားတိုက်ပွဲများတွင် အံ့ဩ လောက်အောင် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။ ၁၉၄၂ ခုနှစ် မေလတွင် အီဂျစ်ပြည်ရှိ ဗြိတိသျှတပ်များသည် ရွမ်းမဲ၏ ထိုးစစ်ဒဏ်ကို မခံနိုင်ဘဲ အားလမိန်းအထိထွက်ပြေးဆုတ်ခွာကြ ရလေသည်။ သို့သော် နောင်အခါတွင် ဗိုလ်ချုပ်ရွမ်းမဲသည် ဗိုလ်ချုပ်မောင်ဂိုမာရီ ကွပ်ကဲဦးစီးသော ဗြိတိသျှတပ်များက ထိုးစစ်ဆင်ကာ တိုက်ခိုက်ခြင်းကြောင့် သဲကန္တာရကြီးကို ဖြတ်ကျော်ကာ တျူနစ်ဇီးယားအထိ ဆုတ်ခွာခဲ့ရလေသည်။ ထိုသို့ သဲကန္တာရကြီးကို ဖြတ်ကျော်ကာ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့သောကြောင့်ပင် သူ့ကို သဲကန္တာရမြေခွေး ဟူ၍ အမည် တပ်ခေါ်ကြသည်။ သို့သော် နောင်အခါတွင် ရွမ်းမဲ၏တပ်များ သည် တျူနစ်ဇီးယားတွင် လက်နက်ချ အညံ့ခံလိုက်ရလေသည်။ အာဖရိကမြောက်ပိုင်းတွင် အရေးမလှကြောင်း သိရှိရသော အခါ ဟစ်တလာသည် ရွမ်းမဲအား ဘာလင်သို့ ပြန်လည်ခေါ်ယူ ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် ရွမ်းမဲသည် အီတလီရှိ ဝင်ရိုးတန်း တပ်များကို အုပ်ချုပ်ခဲ့ရသည်။ ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေ သို့ မဟာမိတ်တပ်များ တက်ရောက်ပြီးနောက်တွင် ပြင်သစ် နိုင်ငံရှိ ဂျာမန်တပ်များကို ကွပ်ကဲဦးစီးခဲ့ရလေသည်၊ ၁၉၄၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် ရွမ်းမဲသည်ကား တစ်စင်းဖြင့် ခရီးသွားခဲ့စဉ် မဟာမိတ်လေယာဉ်ပျံတစ်စင်းက တိုက်ခိုက် သဖြင့် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ထိုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကွယ်လွန်သွားပြီဟု ကျေညာခဲ့လေသည်။ သို့သော် အချို့က ဟစ်တလာအား လုပ်ကြံမှုတွင် ပါဝင်သဖြင့် အဖမ်းခံခဲ့ရသည်တွင် သူ့ကိုသူ သတ်သေခဲ့သည်ဟု ဆိုလေသည်။[၁]

ဝီကီပဒီ...

Comments

Popular posts from this blog

သင်းကွဲငှက်များနားခိုရာ @@@@@@@@@@@@ ရေး - မင်းဂျွန်စိုး ဆို - ဗညားဟန် ငါ့ဘဝကိုပြောပြမယ် ရယ်သံတွေခဏရပ်ပေးပါဦး ငါ့ဘဝဟာ ခေတ္တနားခိုရာ  သင်းကွဲငှက်များနဲ့အတူ ပျော်ရွှင်စွာချမ်းမြေ့ဖူးတာပဲ နှလုံးသားမှာ ခဏတော့နားခိုကာ အတောင်စုံပြီ အချစ်ငှက်ကလေးတွေ ဝေဟင်မှာ ဝဲလိုက်ဦးပေါ့ သင်လိုရာသွားတော့ သွားတော့လေ ငါ့ဘဝမုန်တိုင်းထဲမှာ သင်လိုတာတစ်ခုမှမရှိပါဘူး/ အပျော်ဆိုတာတစ်နေ့မှမရှိပါဘူး နှလုံးသားမှာခဏတော့နားခိုပါ မင်းရဲ့အဖော်များတွေ့ရင် သူခေါ်ရာလိုက်လို့သွားပါတော့ ခွင့်လွှတ်ပါမပြောနဲ့ နားလည်တယ် ယာယီအိမ်အတိတ်က နန်းတော် လည်ပြန်ကာလှည့်လို့ မကြည့်နဲ့ ဒီရင်ကို စွန့်လို့ထားခဲ့လေ အငြိုးရှိရင်ကျေပါတော့လေ  လူ့ဘဝကို ပိုင်ဆိုင်တဲ့ကံ ဆွေးမြည့်တဲ့ သံစဉ်များနဲ့ ငါ့ဘဝဟာ ခေတ္တနားခိုရာ သင်းကွဲငှက်များရဲ့နားခိုရာ ဘဝဇာတ်ခုံကြားထဲမှာ  ကြုံသလိုသာ ကလိုက်တော့အချစ်ဆုံးရယ် မဖြစ်ဖြစ်သလိုခွင့်လွှတ်ပေးပါမယ် တို့နှစ်ယောက်ပြန်တွေ့တဲ့အခါ  မမြင်သလိုသာ လှည့်ထွက်သွားပါတော့ မင်းဘဝကိုအမြဲတမ်းနားလည်တယ်  ဒီရင်ကစွန့်လွှတ်ခြင်းတွေ ဒီရင်ကစွန့်လွှတ်ခြင်းများ ယူ...
ဂဠုန်ဆရာစံ ဂဠုန်ဆရာစံ နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဂဠုန်ဆရာစံ(၂၄ အောက်တိုဘာ ၁၈၇၆ - ၂၈ နိုဝင်ဘာ ၁၉၃၁) သည် ထင်ရှားသော ဘုန်းကြီး တစ်ပါးနှင့် ဗမာတိုင်းရင်းဆေးဆရာ တစ်ယောက် ဖြစ်ပြီး ၁၉၃၀-၁၉၃၁တွင် ဖြစ်ပွားသော ဗမာ့တောင်သူလယ်သမားတော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ကာ ဗမာ့ထီးနန်းကို တောင်းဆိုသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။  ဗြိတိသျှနယ်ချဲ့တို့၏ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရာတွင် တိုင်းရင်းသားတို့အား တစ်စည်းတစ်လုံး တည်းဖြစ်စေရန် ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။ ရန်ကုန် ၊ ပဲခူး  စီရင်စု၊  ဗြိတိသျှ  ဘားမား၊၂၈ရက် နိုဝင်ဘာ လ ၁၉၃၁၊အသက်(၅၅ နှစ်)တွင်ကွယ်လွန်ခဲ့သည်။ ငယ်စဉ်ဘဝ ပြင်ဆင် ဒီပဲယင်းမြို့နယ်၊ သရက်ကန် အရှေ့ရွာတွင် ၁၈၇၆ခု အောက်တိုဘာလ ၂၄ရက် တွင် မွေးဖွားသည်။  ဖခင် အမည်မှာ ဦးကျေး ဖြစ်ပြီး မိခင်အမည်မှာ ဒေါ်ဖက် ဖြစ်ကာ မောင်နှမ ၅ ယောက်တွင် အငယ်ဆုံး ဖြစ်သည်။  ဗမာလူမျိုးဖြစ်ပြီး ထေရဝါဒ ဗုဒ္ဓဘာသာ ကိုကိုးကွယ်သည်။  ဆရာစံ၏ အခြားအမည်တစ်မျိုးမှာ ဦးရာကျော် ဖြစ်သည်။ မွေးချင်းများမှာ - ဦးရာကြူး ဦးရာဒန် ဒေါ်အေးမြ...
တီ-၉၀တင့်​ @@@@ ကျွန်​​တော်​တို့အများအားဖြင့်​သိကြတဲ့ တီ-၉၀တင့်​ဟာ အ​နောက်​အုပ်​စုက​တော့ တီ-၇၂ ယူဗွီလို့ ​ခေါ်ကြပြီး...၎င်းဟာ တီ-၈၀တင့်​ရဲ့အစိတ်​အပိုင်း အ​တော်​များများ ထည့်​သွင်းတည်​​ဆောက်​ထားပါတယ်​...       တီ-၉၀တင့်​ဟာ တီ-၇၂ကို အဆင့်​မြှင့်​လာတာဖြစ်​ပြီး သူ့မှာ 125mm 2A46 smoothbore ၊အကြံ​ပေးစစ်​သည်​ပစ်​ရန်​ စက်​​သေနပ်​ ၊ 1G46အမျိုးအစား အ​မြောက်​ပစ်​ရန်​မြင်​ကွင်းကြည့်​ကိရိယာ၊ အင်​ဂျင်​အမျိုးအသစ်​ ၊နှင့်​ အပူလှိုင်းရှာ မြင်​ကွင်းမျာကို တပ်​ဆင်​လာတာ ​တွေ့မြင်​ရပါတယ်​...    ဒါအပြင်​ စံအကာအကွယ်​များအဖြစ်​ သံမဏိ​ရောစပ်​ အကာအကွယ်​၊ ​ပေါင်းစပ်​သံချပ်​ကာ၊ မီးခိုးပစ်​​မော်​တာ၊Kontakt-5အမျိုးအစား တုံ့ပြန်​-​ပေါက်​ကွဲအား လက်​နက်​၊ Nakidka -​ပြောက်​ကျားကွပ်​​ဆေး ၊ Shtoraအမျိုးအစား အနီ​အောက်​​ရောင်​ချည်​သုံး (ATGM /Anti-Tank Guided Missile)ဂျန်​မာ စနစ်​တို့ တပ်​ဆင်​ပါဝင်​လာပါတယ်​... သို့​သော်​  တီ-၉၀တင့်​အား EMT-7 လျှပ်​စစ်​သံလိုက်​လှိုင်းခုံဗုံးဒဏ်​ ခံနှိုင်​ရန်​ ​ရေဒီယိုသတ္တိကြွမှု စမ်းသပ်​​ရာတွင်​ ​အောင်​မြင်​မှုမရရှိခဲ့​ပေး ထို့​ကြောင့်​ ရုရှားတပ်...