Skip to main content
ဦးဝီရသူ ထရေုပ်ပတ်တိ/ဦးဝီရသူ ​ထေရုပ္ပတိ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
ဦးဝီရသူ သည် မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်ပါသည္​။ 
ဆရာ​တော်​ ဦးဝီရသူသည်​ မြန်​မာ ဗုဒ္ဓဘာသာ ရဟန်းတစ်​ပါးဖြစ်​ပါသည်​။
 ဆရာတော် ၏ ပြောဆိုမှုများသည် ငြိမ်းချမ်းရေးတရားများသာ ဖြစ်သည် ။
မစိုးရိမ်နာယကဆရာတော် ဦးဝိစိတ္တာဘိဝံသ (ခေါ်) ဆရာတော် ဦးဝီရသူ
ဘာသာဗုဒ္ဓဘာသာ
ဂိုဏ်းထေရဝါဒ
ကျောင်းတိုက်မစိုးရိမ်ကျောင်းတိုက်၊ မန္တလေး
ဓမ္မအမည်များဝိစိတ္တာဘိဝံသ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသားမြန်မာ
မွေးဖွား
၁၀ ဇူလိုင် ၁၉၆၈
(အသက် ၄၉)
ကျောက်ဆည်မြို့၊ မန္တလေးတိုင်းမြန်မာနိုင်ငံ
ဆရာတော်ကို ၁၃၃၀ ပြည့်နှစ် ဝါဆိုလဆန်း(၂)ရက်၊ (၁၉၆၈−ခုနှစ်၊ ဇွန်လ(၂၆)ရက်၊ ဗုဒ္ဓဟူးနေ့[၃] တွင် မန္တလေးတိုင်း၊ကျောက်ဆည်မြို့၊ အောက်ချိုက်ရပ် ခမည်းတော် ဦးခင်မောင်ဝင်း၊ မယ်တော် ဒေါ်တင်တင်ဦးတို့မှ မွေးဖွားခဲ့သည်။
 ဆရာ​တော်​ကို ၁၃၃၀ပြည့်​နှစ်​ ဝါဆိုလဆန်း(၂)ရက်​ ၊(၁၉၆၈-ခုနှစ်​ ၊ ဇွန်​လ (၂၆)ရက်​ ၊ ဗုဒ္ဓဟူး​နေ့(၃)ရက်​တွင်​ မန္တ​လေးတိုင်း ၊​ကျောက်​ဆည်​မြို့ ၊​အောက်​ချိုက်​ရပ်​ ခမည်း​တော်​ ဦးခင်​​မောင်​ဝင်း ၊မယ်​​တော်​ ​ဒေါ်တင်​တင်​ဦးတို့မှ ​မွေးဖွားခဲ့သည်​။
 ဖခင် ဦးခင်မောင်ဝင်းမှာ ဧရာဝတီတိုင်း၊ ကျုံမငေးမြို့ ဇာတိဖြစ်သည်။
 စက်မှုလယ်ယာဌာနတွင် အစိုးရဝန်ထမ်းဖြစ်ကာ လယ်ထွန်စက် မောင်းသူတစ်ဦး ဖြစ်၏။
 ဦးခင်မောင်ဝင်းသည် ကျောက်ဆည်မြို့သို့ ပြောင်းရွှေ့ခဲ့စဉ် ဒေါ်တင်တင်ဉီးနှင့် အိမ်ထောင်ကျကာ မောင်ဝင်းခိုင်ဦးကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။
ဦးခင်​​မောင်​ဝင်းသည်​ ​ကျောက်​ဆည်​မြို့သို့ ​ပြောင်း​ရွှေ့ခဲ့စဉ်​ ​ဒေါ်တင်​တင်​ဦးနှင့်​ အိမ်​​ထောင်​ကျကာ ​မောင်​ဝင်းခိုင်​ကို ​မွေးဖွားခဲ့ခြင်းဖြစ်​သည်​။ 
သူ့ကို မွေးဖွားပြီးနောက် ဧရာဝတီတိုင်း၊ ကျုံမငေး၊ မြောင်းမြ၊ ဝါးခယ်မ စသည့်မြို့များသို့ ထပ်မံ ပြောင်းရွှေ့ခဲ့ရာ သူ၏ ညီနှင့် ညီမများကို ယင်းမြို့များတွင် မွေးဖွားခဲ့သည်။
 ဆရာ​တော်​အား ​​မွေးဖွားပြီး​နောက်​ ဧရာဝတီတိုင်း ၊ကျုံမ​ငေး ၊​မြောင်းမြ၊ဝါးခယ်​မ စသည့်​မြို့များသို့ ထပ်​မံ ​ပြောင်း​ရွှေ့ခဲ့ရာ ဆရာ​တော်​၏ ညီနှင့်​ ညီမများကို ယင်းမြို့များတွင်​ ​မွေးဖွားခဲ့သည်​။
 ထို့ကြောင့် မောင်ဝင်းခိုင်ဦး ကိုယ်တိုင်လည်း မြောင်းမြမြို့တွင် သူငယ်တန်း တစ်နှစ်နေခဲ့ဘူးသည်။ ယင်းနောက် ဖခင် အစိုးရဝန်ထမ်းမှ အနားယူကာ အခြေချနေထိုင်ရန် ကျောက်ဆည်မြို့သို့ အပြီးပြောင်းရွှေ့လာခဲ့တော့သည်။
 ထို့​ကြောင့်​ ​မောင်​ဝင်းခိုင်ဦး​ကိုယ်​တိုင်​လည်း ​မြောင်းမြမြို့တွင်​ သူငယ်​တန်းတစ်​နှစ်​​နေခဲ့ဖူးသည်​။
 ကျောက်ဆည်မြို့ အမှတ် (၆) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၈ တန်းအောင် သည်အထိ ပညာသင်ယူခဲ့ပြီး ၁၃၄၆-ခု၊ တပေါင်းလပြည့်ကျော် (၁၄)ရက်၊ ဗုဒ္ဓဟူးနေ့ ရွှေလှံတောင်ဆရာတော်ကို ဥပဇ္ဈာယ်ပြုပြီး သီလရှင် ဆရာကြီး ဖွားမာလာထေရီ၏ ပစ္စယနုဂ္ဂဟခံယူကာ ရှင်သာမဏေဖြစ်ခဲ့ပြီး ပရိယတ္တိစာပေများကို ဆည်းပူးလေ့လာခဲ့သည်။ 
ကျောက်​ဆည်​မြို့ အမှတ်​(၆) အ​ခြေခံပညာမူလာတန်း​ကျောင်းနှင့်​ အမှတ်​(၁) အ​ခြေခံပညာအလယ်​တန်း​ကျောင်းတို့တွင်​ ၈တန်း​အောင်​သည့်​အထိ ပညာသင်​ယူခဲ့ပြီး ၁၃၄၆ခု-တ​ပေါင်းလပြည့်​​ကျော်​ (၁၄)ရက်​ ၊ ဗုဒ္ဓဟူး​နေ့ ​ရွှေလှံ​တောင်​ဆရာ​တော်​ကို ဥပဇ္ဈာယ်​ပြုပြီး သီလရှင်​ဆရာကြီး ဖွားမာလာ​ထေရီ၏ ပစ္စယနုဂ္ဂဟခံယူကာ ရှင်​သာမ​ဏေဖြစ်​ခဲ့ပြီး ပရိယတ္တိစာ​ပေများကို ဆည်းပူး​လေ့လာခဲ့သည်​။
 ၁၃၄၇ အောင်-ဇေ-ယျ-တုနှစ် ပထမဝါဆိုလဆန်း ၁၅ ရက် ဗုဒ္ဓဟူးနေ့ ကျောက်ဆည်မြို့၊ မင်းကုန်းမဟာစာသင်တိုက် ပဓာနနာယက ဆရာတော် ဦးဇနိတာဘိဝံသထံတွင်ရောက်ရှိကာ ပရိယတ္တိစာပေ အခြေခံမှစပြီး ဝိနည်းငယ်လေးစောင် ပါရာဇိကပါဠိတော်ပါ စိတ်ပါဠိ တော်နှင့် ပထမပြန်ဆိုင်ရာကျမ်းဂန်ကြီးငယ်တို့ကို သင်ယူခဲ့သည်။
 ၁၃၄၇ ​အောင်​-​ဇေ-ယျ-တုနှစ်​ ပထမဝါဆိုလဆန်း ၁၅ရက်​ ဗုဒ္ဓဟူး​နေ့ ​​ကျောက်​ဆည်​မြို့ ၊မင်းကုန်းမဟာစာသင်​တိုက်​ ပဓာနနာယကဆရာ​တော်​ ဦးဇနိတာဘိဝံသထံတွင်​​ရောက်​ရှိကာ ပရိယတ္တိစာ​ပေကိုအ​ခြေခံမှစပြီး ဝိနည်းငယ်​​လေး​စောင်​ ပါရာဇိတပါဠိ​တော်​ ပါစိတ်​ပါဠိ​တော်​နှင့်​ ပထမပြန်​ဆိုင်​ရာ ကျမ်းဂန်​ကြီးငယ်​တို့ကိုသင်​ယူခဲ့သည်​။
၁၃၅၀ ပြည့်နှစ် ပထမဝါဆိုလပြည့်ကျော် ၁ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ကျောက်ဆည်မြို့၊ လေသာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဦးဇဝနဗုဒ္ဓိ ကို ဥပဇ္ဈာယ်ပြုပြီ ဦးစံထွန်း ဒေါ်မြချစ်နှင့် ဦးသန်းဝင်း + ဒေါ်အေးချိုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါ သည်။
၁၃၅၀ပြည့်​နှစ်​ ပထမဝါဆိုလပြည့်​​ကျော်​ ၁ရက်​​နေ့ ဗုဒ္ဓဟူး​နေ့တွင်​ ​ကျောက်​ဆည်​မြို့ ၊ ​လေသာ​ကျောင်းတိုက်​ဆရာ​တော်​ အဂ္ဂမဟာပဏိတ ဦးဇဝနဗုဒ္ဓိ ကို ဥပဇ္ဈာယ်​ပြုပြီး ဦးစံထွန်း ​ဒေါ်မြချစ်​ နှင့်​ ဦးသန်းဝင်း +​ဒေါ်​အေးချိုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရဟန်းအဖြစ်​သို့​ရောက်​ရှိခဲ့ပါသည်​။
 မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူသည် ၁၃၆၁ ခု၊ (၉၃) ကြိမ်မြောက် ပရိယတ္တိသာသနဟိတ (သကျသီဟ) စာမေးပွဲသီးခြားစာချတန်း၌ အဋ္ဌကထာသုံးကျမ်းကို ဖြေဆိုအောင်မြင် တော်မူသဖြင့် "ပရိယတ္တိသာသနာဟိတ (သကျသီဟ) ဓမ္မာစရိယဘွဲ့" တံဆိပ်တော်ကို ဆက်ကပ်ပူဇော်ခံယူခဲ့သည်။
 မစိုးရိမ်တိုက်​သစ်​ နာယက ဆရာ​တော်​ ဦးဝီရသူသည်​ ၁၃၆၁ခု ၊(၉၃)ကြိမ်​​မြောက်​ ပရိယတ္တိသာသနဟိတ (သကျသီဟ)စာ​မေးပွဲသီးခြားစာချတန်း၌ အဋ္ဌကထာသုံးကျမ်းကို ​ဖြေဆို​အောင်​မြင်​​တော်​မူသဖြင့်​ "ပရိယတ္တိသာသနာဟိတ(သကျသီဟ) ဓမ္မာစရိယဘွဲ့"တံဆိပ်​​တော်​ကို ဆည်းကပ်​ပူ​ဇော်​ခံယူခဲ့သည်​။
 "အဘိဝံသ(မျိုးဆက်သစ်) ဘွဲ့" ရရှိခဲ့သည်။
 "အဘိဝံသ(မျိုးဆကာသစ်​)ဘွဲ့"ရရှိခဲ့သည်​။
 ၁၉၉၁ ခုနှစ်တွင် မန္တလေး မစိုးရိမ်တိုက်သစ်သို့ ရောက်ရှိခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် မစိုးရိမ် နာယက ဆရာတော်ဖြစ်လာခဲ့သည်။
 ထိုအတောအတွင်း အမျိုးအတွက်ဆို သေရဲတယ်၊ မင်းသုံးပါးစစ်ဆင်ရေး၊ အဆင်သင့်ရှိပါစေ။ မိခင်ရွာကသာသနာ၊ နောက်မကျစေနဲ့၊ သိင်္ဂါလဇတ်... စသည့် တရားတော်များကိုဟောကြားပြီး သာသနာတော် အရှည်တည်တန့်ရေး စာပေများကို ဝီရသူ (မစိုးရိမ်)၊ အရှင်ဝိစိတ္တ (ကျောက်ဆည်) ဟူသော ကလောင်အမည်တို့ဖြင့်လည်း ရတနာပုံသတင်းစာ၊ ဘာသာရေးမဂ္ဂဇင်းတို့၌ ဘာသာရေးစာပေများ ရေးသားခဲ့သည်။
 ထိုအ​တောအတွင်း အမျိုးအတွက်​ဆို​သေရဲတယ်​ မင်းသုံးပါးစစ်​ဆင်​​ရေး၊အဆင်​သင့်​ရှိပါ​စေ၊ မိခင်​ရွာသာသနာ၊ ​နောက်​မကျ​စေနဲ့ ၊သိင်္ဂါလဇတ်​...စသည့်​တရား​တော်​များကို ​ဟောကြားပြီး သာသနာ​တော်​ အရှည်​တည်​တံ​ရေး စာ​ပေများကို ဝီရသူ(မစိုးရိမ်​)၊ အရှင်​ဝိစိတ္တ (​ကျောက်​ဆည်​) ဟူ​သော က​လောင်​အမည်​တို့ဖြင့်​ ရတနာပုံသတင်းစာ ၊ ဘာသာ​ရေး မဂ္ဂဇင်းတို့၌ ဘာသာ​ရေးစာ​ပေများ ​ရေးသားခဲ့သည်​။
 ရန်ကုန်မြို့၊ ဗဟန်း ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် ရွှေရတုအထူးထုတ်စာစောင်၌ ရတနာတို့၏သခင် ပရိယတ္တိသာသနဟိတ (သကျသီဟ) အသင်း ကြီး၏ နှစ် (၁၀၀) ပြည့် အထူးထုတ်စာစောင်၌ ပရိယတ္တိအလင်းရောင် ဟူသောခေါင်းစဉ်ဖြင့် စာပေဆောင်းပါး၊ ထေရဝါဒတိုက်ပွဲ၊ (ထေရဝါဒ တို့တိုင်းပြည် နှင့် ပရိယတ္တိရွှေချိန်ခွင်) စာအုပ်များကို ရေးခဲ့သည်။
 ရန်​ကုန်​မြို့ ၊ဗဟန်း ​ညောင်​တုန်း ပါဠိ တက္ကသိုလ်​​ကျောင်းတိုက်​ ​ရွှေရတု အထူးစာ​စောင်​၌ ရတနာတို့၏သခင်​ ပရိယတ္တိအလင်း​ရောင်​ ဟူ​သော​ခေါင်းစဉ်​ဖြင့်​ စာ​ပေ​ဆောင်းပါး၊ ​ထေရဝါဒတိုက်​ပွဲ ၊ (​ထေရဝါဒ တို့တိုင်းပြည်​ နှင့်​ ပရိယတ္တိ​ရွှေချိန်​ခွင်​ )စာအုပ်​များကို ​ရေးခဲ့သည်​။
 စာဖတ်​သူအ​ပေါင်းမင်္ဂလာအ​ပေါင်းနှင့်​ပြည့်​စုံပါ​စေ..
. စိုးသူ
 ၁၃/၁/၂၀၁၈
Comments
Popular posts from this blog
မင်္ဂလာပါ ကြည်​လင်း​သေဒဏ်​မှလွတ်​ပါ​စေ